အိန္ဒိယ အာကာသ သုတေသနအဖွဲ့ (ISRO) က ရာသီဥတု စောင့်ကြည့်ရေး၊ ကြိုတင်ခန့်မှန်းရေးနဲ့ သဘာဝဘေးအန္တရာယ် သတိပေးချက်တို့ ပိုမိုကောင်းမွန်လာစေရေး ရည်ရွယ်တဲ့ ဂြိုဟ်တုတခုကို စာတစ်ရှ်ဒါဝမ် အာကာသဌာနကနေ ဖေဖော်ဝါရီ ၁၇ ရက်က အောင်အောင်မြင်မြင် လွှတ်တင်ခဲ့ပါတယ်။
INSAT-3DS ဂြိုဟ်တုကို လွှတ်တင်ရေးယာဉ် GSLV ပါတဲ့ ဒုံးပျံဟာ အိန္ဒိယနိုင်ငံ ရှရီဟာရီကိုတာက အာကာသစခန်းကနေပျံထွက်ပြီး သတ်မှတ်ထားတဲ့ ပတ်လမ်းအတွင်း ဂြိုဟ်တုကို ချထားခဲ့ပါတယ်။
အရင်အခေါက်တွေတုန်းက မျှော်လင့်ထားတဲ့အတိုင်းမလုပ်ဆောင်နိုင်လို့ GSLV ကို ကောင်ဆိုးလေးလို့ ရည်ညွှန်း ပြောဆိုခဲ့တဲ့ မစ်ရှင် ဒါရိုက်တာ တွမ်မီ ဂျိုးဇက်ပ်က GSLV ဟာ ခုတော့ ဖြစ်သင့်တဲ့အတိုင်း လိမ်မာသွားပြီလို့ ပြောပါတယ်။
ဒီဂြိုဟ်တုဟာ မိုးလေဝသဆိုင်ရာ လေ့လာစောင့်ကြည့်တာတွေ အားဖြည့်ဖို့၊ ရာသီဥတု ခန့်မှန်းချက်တွေ၊ သဘာဝဘေးအန္တရာယ်သတိပေးချက်တွေအတွက် မြေပြင်နဲ့ သမုဒ္ဒရာမျက်နှာပြင်တွေကို စောင့်ကြည့်ဖို့ ပုံစံထုတ်ထားတာလို့ ISRO ရဲ့ ဝဘ်ဆိုဒ်မှာ ပြောပါတယ်။
Source/Photo-Reuters