နေပြည်တော်မှာ ရပ်ကွက်နဲ့ကျေးရွာအလိုက် မီးကင်းစောင့်ခိုင်းဖို့ ဖေဖော်ဝါရီ ၁၆ ရက်က စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။
နေပြည်တော်ဒေသခံတယောက်က "ကင်းတွေ စပြီးစောင့်နေရပြီ။ ရွာအလိုက် ရပ်ကွက်အလိုက်လို့တော့ ပြောတယ်။ ညတိုင်းနီးပါးစောင့်ရမယ်။ မီးဘေးလုံခြုံရေးအတွက် လို့တော့ ပြောတာပဲ" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက စတင်ပြီး မီးဘေးလုံခြုံရေးအတွက် ခေါင်းစဉ်နဲ့ နေပြည်တော်က ကျေးရွာနဲ့ ရပ်ကွက်တွေမှာ ကင်းတဲတွေ ဆောက်လုပ်ခိုင်းထားတာပါ။
မီးကင်းတွေကို ကျေးရွာတွေနဲ့ ရပ်ကွက်တွေအလိုက် ဆောက်လုပ်ထားစေပြီး တညကို ၅ ယောက်နှုန်းနဲ့ စောင့်ရမယ်လို့လည်း သိရပါတယ်။