အစ္စရေးရဲ့ ရာဖှာထိုးစစ်အပြီးမှာ ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ နောက်ထပ် အရေးပေါ် အစီအမံတွေကို ပြုလုပ်ဖို့ မလိုအပ်ဘူးလို့ နိုင်ငံတကာ တရားမျှတမှုတရားရုံး (ICJ) က ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဂါဇာကမ်းမြှောင်နဲ့ ရာဖှာရှိ အန္တရာယ်များတဲ့ အခြေအနေဟာ ဇန်နဝါရီ ၂၆ ရက် အမိန့်အရ "အန္တရာယ်ရှိတဲ့ အခြေအနေ" အထူးသဖြင့် "ယာယီ အစီအမံတွေကို ချက်ချင်း ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ တောင်းဆိုထားပြီး နောက်ထပ် ယာယီအစီအမံတွေရဲ့ ညွှန်ကြားချက်ကို မတောင်းဆိုခဲ့ဘူးလို့ တရားရုံးက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှ ရာဖာမြို့ကို ထိုးစစ်ဆင်မယ့် အစ္စရေးရဲ့အစီအစဉ်ကြောင့် အခုလ အစောပိုင်းမှာ ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ နောက်ထပ် အရေးပေါ် အစီအမံတွေ လိုအပ်မလား ဆိုတာ စဉ်းစားပေးဖို့ တောင်အာဖရိကနိုင်ငံက ကမ္ဘာ့တရားရုံးကို တောင်းဆိုခဲ့ပြီးနောက်မှာ တရားရုံးက ခုလိုဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
Source/Photo - Reuters