ထုတ်ချေးပေးတဲ့ဘဏ်တွေကို လှည့်စားဖို့ လိမ်လည်ပြီး ပိုင်ဆိုင်မှု ပိုပြခဲ့တဲ့အတွက် ဒဏ်ကြေး ဒေါ်လာ ၃၅၄ ဒသမ ၉ သန်း ပေးဆောင်ဖို့ ဒေါ်နယ်ထရမ့်ကို နယူးယောက်တရားရုံးက အမိန့်ချ ခဲ့ပါတယ်။
သမ္မတဟောင်းရဲ့ အိမ်ခြံမြေလုပ်ငန်းစုကြီးအတွက် အထိနာစရာဖြစ်ခဲ့ရတဲ့ တရားမမှု တခု ဖြစ်ပါတယ်။
နယူးယောက်မြို့တော်၊ မင်ဟတ်တန်ခရိုင်က တရားရုံး တရုံးမှာ သုံးလကြာ စစ်ဆေးခဲ့ပြီးတဲ့နောက် ထရမ့်ကို နယူးယောက်က ကော်ပိုရေးရှင်း တခုခုမှာ အရာရှိ ဒါမှမဟုတ် ဒါရိုက်တာအဖြစ် တာဝန် ယူခွင့်ပါ သုံးနှစ်ပိတ်ဖို့ တရားသူကြီး အာသာအန်ဂိုရွန်က ဆုံးဖြတ်ခဲ့ပါတယ်။
ထရမ့်ရှေ့နေ အလီနာဟက်ဘာကတော့ အယူခံတက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။
ထရမ့်နဲ့အတူ စွပ်စွဲခံရသူတွေဟာ သူတို့ အမှားကို မဝန်ခံခဲ့ကြသလို လုံးဝနောင်တမရ၊ အပြစ်ရှိတယ်လို့ မခံစားကြဘူးလို့ တရားသူကြီးက သုံးသပ်ပါတယ်၊
အထောက်အထားတွေက ဆန့်ကျင်ဘက်ဖော်ပြနေတာတောင် မမြင်၊ မသိ၊ မကြားဟန် ပြုနေကြ တယ်လို့ တရားသူကြီး အန်ဂိုရွန်က စီရင်ချက်မှာ သုံးသပ်ထားပါတယ်။
ဘဏ်လုပ်ငန်းရှင်တွေဆီက ချေးငွေကောင်းကောင်းရဖို့ ထရမ့်နဲ့မိသားစု လုပ်ငန်းတွေဟာ ဆယ်စုနှစ် တခုလောက် သူ့အသားတင်ကြွယ်ဝမှု တနှစ်ကို ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံလောက် ပိုပြခဲ့တယ်လို့ နယူးယောက်ရှေ့နေချုပ် လီတီတီယာဂျိမ်းစ်က စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။
ထရမ့်ကတော့ ဒီမိုကရက် တယောက်ဖြစ်တဲ့ ဂျိမ်းစ်ဟာ နိုင်ငံရေးအရ တိုက်ခိုက်တာလို့ တုံ့ပြန်ထားပါတယ်။
Source/Photo - Reuters