Home
နိုင်ငံတကာ
ကာရစ်ဘီယံကမ်းခြေ၌ ရွှေ့ပြောင်းနေထိုင်သူ ၁၅၀ ကို အာဏာပိုင်များ ဖမ်းဆီး
DVB
·
February 17, 2024
maxico world 1722024

မက္ကဆီကို ရွှေ့ပြောင်းနေထိုင်ရေးအေဂျင်စီဟာ ကာရစ်ဘီယံကမ်းခြေမှာ လူမျိုး ၈ မျိုးမှ ရွှေ့ပြောင်း နေထိုင်သူ ၁၅၀ ကို ဘတ်စ်ကား တစီးထဲ တရားမဝင် သယ်ဆောင်လာချိန်မှာ တွေ့ရှိခဲ့ရကြောင်း အဲဒီအဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

ဖေဖော်ဝါရီ ၁၃ ရက်က ကာရေဘီယံကမ်းခြေရှိ ယူကာတန် ကျွန်းဆွယ်ရှိ ဘတ်စ်ကား ၂ စီးပေါ်က ရွှေ့ပြောင်းနေထိုင်သူအဖွဲ့ကို ကြားဖြတ် ဟန့်တားခဲ့ရာမှာ ဘရာဇီးနဲ့ ဟွန်ဒူးရပ်စ်တို့မှ လက်တင် အမေရိကန်တွေနဲ့ ပါကစ္စတန်၊ ဂျော်ဒန်နဲ့ အိန္ဒိယတို့လို အာရှတိုက်မှ ရွှေ့ပြောင်း နေထိုင်သူတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ 

အရွယ်ရောက်ပြီးသူ ၁၃၉ ဦးနဲ့ အုပ်ထိန်းသူအဖော် မပါတဲ့ ကလေး ၁၁ ဦးတို့ ပါဝင်ကြောင်းလည်း ဆိုပါတယ်။ ရွှေ့ပြောင်းနေထိုင်သူတွေဟာ အာဏာပိုင်တွေဆီမှာ အဖမ်းခံခဲ့ကြပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024