အကျဉ်းကျနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထ်ကို ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြန်လွှတ်ပေးမယ်လို့ လက်ရှိ၀န်ကြီးချုပ် ဆရတ်ထာ ထာဝီဆင်က ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
သက်ဆင်ဟာ အကျိုးစီးပွားပဋိပက္ခကြောင့် အကျဉ်းထောင်ကို ရှောင်လွှဲဖို့ ပြည်ပမှာ ၁၅ နှစ်ကြာ နေထိုင်ခဲ့ရာကနေ ထူးထူးခြားခြား နေရပ်ပြန်လာခဲ့ပြီးနောက်မှာ သြဂုတ်လကတည်းက ဆေးရုံမှာ ထိန်းသိမ်းခံနေတာ ဖြစ်ပါတယ်။
သူပြန်လာပြီးနောက် ဘုရင်က ထောင်ဒဏ် ၈ နှစ်ကို ၁ နှစ်အထိ လျှော့ချပေးခဲ့ပြီး လူသိထင်ရှား ထုတ်ဖော်မပြောနိုင်တဲ့ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာ ၆ လကြာ ထိန်းသိမ်း ခံနေခဲ့ပါတယ်။
ထိုင်းနိုင်ငံက ဆယ်စုနှစ် ၂ ခုကြာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေတဲ့ အာဏာလွန်ဆွဲပွဲရဲ့ ဗဟိုချက်မှာ ရှိနေတဲ့ ရဲဝန်ထမ်းဟောင်းနဲ့ တယ်လီကွန် သူဌေးကြီး သက်ဆင် ရှင်နာဝပ်ထ်ဟာ သက်ကြီးရွယ်အို သို့မဟုတ် ကျန်းမာရေး မကောင်းဘူးလို့ သတ်မှတ်ခံထားရတဲ့ အကျဉ်းသား ၉၃၀ စာရင်းမှာ ပါ၀င်နေပြီး လွတ်ငြိမ်းချမ်းသာခွင့်အတွက် အတည်ပြုခဲ့တယ်လို့ မီဒီယာတွေမှာ ဖော်ပြထား ပါတယ်။
သူဘယ်တော့ လွတ်မြောက်မယ်ဆိုတာ အခုအချိန်အထိ မသေချာသေးပါဘူး။ ဖေဖော်ဝါရီ ၁၈ ရက်ကတော့ သူ့ရဲ့လွတ်ငြိမ်းချမ်းသာခွင့် အရည်အချင်းပြည့်မီတဲ့ ပထမဆုံးနေ့ဖြစ်ပါတယ်။
Source/Photo - Reuters