အာတိတ်စက်ဝိုင်းမြောက်ဘက်မှာ အကျဉ်းချခံထားရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်လ်ညီဟာ ပြုတ်ကျကာ သတိလစ်မေ့မြောသွားပြီးနောက် ကွယ်လွန်သွားပြီလို့ သူ စီရင်ချက် ကျခံနေရတဲ့ ယာမာလို-နေနတ်စ် ဒေသရှိ အကျဉ်းထောင်မှ ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
အကျဉ်းထောင်၀က်ဘ်ဆိုက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ နာဗယ်လ်ညီဟာ သောကြာနေ့က လမ်းထွက်လျှောက်ပြီးနောက်မှာ နေမကောင်းဖြစ်ပြီး ချက်ချင်းကို သတိလစ်လုနီးပါး ဖြစ်သွား တယ်လို့ ယာမာလို-နေနတ်စ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်ရဲ့ ဖက်ဒရယ်အကျဉ်းဦးစီးဌာနမှ ပြောကြားခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ခေါ်ယူခဲ့ပေမယ့် နာဗယ်လ်ညီကို အသက်ပြန်ရှင်အောင် မတတ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ သေဆုံးရခြင်း အကြောင်းအရင်းက ရှိပြီးသားလို့လည်း ဆိုပါတယ်။
ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီဟာ ဝေးလံခေါင်သီတဲ့နေရာမှာ အကျဉ်းချထားတဲ့ ရာဇသတ်ကြီး ကိုလိုနီအတွင်း အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်လ်ညီ သေဆုံးမှုနဲ့ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးကော်မတီက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်အထိ ရုရှားရဲ့ အကျော်ကြားဆုံး အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ နာဗယ်လ်ညီဟာ အထက်တန်းစား လူတန်းစား သမ္မတ ပူတင်ကို သရော်ပြောဆိုပြီး ကြီးမားကျယ်ပြန့်တဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေကို ထုတ်ဖော်ပြောဆိုခြင်းအားဖြင့် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ထင်ပေါ်ကျော်ကြားလာခဲ့ပါတယ်။ သူ သေဆုံးချိန်မှာတော့ အသက် ၄၇ နှစ် ရှိသွားပါပြီ။
Source/Photo - Reuters