ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က စစ်စခန်းတခုကို သိမ်းပိုက်ရရှိပြီး မောင်တောနဲ့ ရသေ့တောင်မြို့နယ်တို့မှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)က ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မောင်တောဒေသ ဗောဓိကုန်းစခန်းကို ဖေဖော်ဝါရီ ၁၅ ရက် မနက် ၆ နာရီခွဲလောက်မှာ အေအေက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၄ နာရီကျော်အကြာ ဖေဖော်ဝါရီ ၁၆ ရက်
လေကြောင်း၊ လက်နက်ကြီးအမြောက်အများ ပစ်ခတ်တိုက်ခိုက်မှုများကြားကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အလောင်း ၁၄ လောင်းအပါအဝင် လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိသလို အချိန်တိုတိုအတွင်း အထိအခိုက် အနည်းဆုံးနဲ့ စခန်းသိမ်းနိုင်ခဲ့တဲ့ တိုက်ပွဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက် မနက် ၁၁ နာရီကျော်မှာလည်း မောင်တောမြို့၊ ပန်းတောပြင်(မူဆလင်)ရွာသစ်နားမှာ စစ်ကောင်စီရဲ့ ဘူးသီးတောင်အခြေစိုက် ခလရ ၂၆၃ တပ်ရင်းနဲ့ နာရီဝက်ကြာလောက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ ယောက် သေဆုံးတဲ့အပြင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေကို ထပ်ပြီး သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
နေ့လယ် ၁၂ နာရီကျော်မှာလည်း ရသေ့တောင်မြိုနယ်၊ ခနောင်းကြီးရွာနားက တောင်ကြောပေါ်မှာ စစ်ကောင်စီ ခမရ ၅၃၆ တပ်ရင်းနဲ့ အေအေတို့ နှစ်ဖက်ရင်ဆိုင် နာရီဝက်ကြာလောက် တိုက်ပွဲဖြစ်ပြီး ကနီဦး မျက်မြင်သတင်းအရ စစ်ကောင်စီဘက်က ၄ ယောက်သေ၊ ၁၀ ယောက်လောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဝေးကနေ ပစ်ခတ်တိုက်ခိုက်တာတွေပဲ ရှိခဲ့ပြီး တိုက်ပွဲကို စစ်ကောင်စီရဲ့ ရသေ့တောင်အခြေစိုက် ခမရ ၅၃၆၊ ခမရ ၅၃၇၊ ခမရ ၅၃၈ တပ်ရင်းတို့က လက်နက်ကြီးပစ်ကူအပြင် ရေကြောင်း၊ လေကြောင်းကလည်း လက်နက်ကြီး ပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။