ကမ္ဘာ့ထိပ်တန်းအသင်းတွေစာရင်းမှာ မန်ယူအသင်းက ထိပ်ဆုံးအသင်း ၂၀ ပြင်ပမှာရပ်တည်ခဲ့ ပါတယ်။
အချက်အလက် ကုမ္ပဏီတခုဖြစ်တဲ့ Opta ဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ကလပ် အသင်းပေါင်း ၁၃၀၀၀ ကျော်ကို လေ့လာတွက်ချက်ပြီး အဆင့်သတ်မှတ်ခဲ့တာပါ။
အဲဒီထိပ်တန်းဘောလုံးအသင်းတွေစာရင်းမှာ မန်ယူအသင်းက အဆင့် ၂၀ ပြင်ပမှာပဲရပ်တည် ခဲ့တာပါ။
နံပါတ်တစ်နေရာမှာ မန်ချက်စတာစီးတီးက ရပ်တည်နေပြီး ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်၊ လီဗာပူး၊ အာဆင်နယ်အသင်းတွေက ထိပ်ဆုံး ၅ သင်း စာရင်းမှာ အစဉ်လိုက်ပါဝင်ခဲ့ပါတယ်။
မန်ယူအသင်းက အဆင့် ၂၂ မှာရပ်တည်ခဲ့ပြီး စပါး၊ ဗီလာနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ နောက်မှာပဲ ရပ်တည်ခဲ့ပါတယ်။
မန်ယူအသင်းမှာ စပိန်ကလပ်ဂျီရိုနာအသင်းထက် နှစ်ဆင့်သာပိုမြင့်ခဲ့ပြီး ဘရိုက် တန်အသင်းထက်လည်း သုံးဆင့်ပဲ ပိုမြင်ခဲ့ပါတယ်။
Photo-Reuters