Home
မြန်မာသတင်း
သာကေတနှင့်ကျောက်တန်းတွင် မီးလောင်၊ နေအိမ် ၄ လုံးဆုံးရှုံးပြီး မီးသတ် ၃ ဦး ဒဏ်ရာရ
DVB
·
February 15, 2024
fire_15022024

ရန်ကုန်၊ သာကေတမြို့နယ်နဲ့ ကျောက်တန်းမြို့နယ်တို့မှာ ဖေဖော်ဝါရီ ၁၅ ရက်က မီးလောင်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူနေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်၊ မြို့မ ၁၀ လမ်းမှာ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး သွပ်မိုးပျဉ်ခင်း အိမ် ၂ လုံးနဲ့ တိုက်ခံ ၂ ထပ်အိမ် ၁ လုံး ဆုံးရှုံးခဲ့ပါတယ်။

သာကေတ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက “အိမ် ၃ လုံးပါသွားတယ်။ တထပ်အိမ်က ၂ လုံးပါ။ အသင်းကရောက်တော့ ၃ လုံးစလုံး လောင်နေပြီ။ မီးသတ်တဲ့သူတွေ ၃ ယောက်လောက် ပွန်းပဲ့ပြတ်ရှဒဏ်ရာတွေ ရတယ်” လို့ ပြောပါတယ်။

မီးလောင်မှုနေရာကို သာကေတမြို့နယ်မီးသတ်က မီးသတ်ယာဉ် ၃ စီး၊ သာကေတ အရပ်ဘက်အသင်းတွေက လာရောက်ငြှိမ်းသတ်ခဲ့ကြတာကြောင့် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။

မီးလောင်မှုအတွင်း မီးငြှိမ်းသတ်ရေးအဖွဲ့ဝင် ၃ ဦး ပြတ်ရှ မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ပြီး မီးလောင်မှုအကြောင်းအရင်းနဲ့ ပျက်စီးမှုတန်ဖိုး အသေးစိတ်ကို မြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲ ဖြစ်ပါတယ်။

ကျောက်တန်းမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်ရှိ ရတနာစတိုးဆိုင်ရဲ့ အပေါ်ထပ် ပစ္စည်းသိုလှောင်ခန်းမှာ ဖေဖော်ဝါရီ ၁၅ ရက် မနက် ၈ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် မြို့နယ်မီးသတ်က level 1 အဆင့် မီးငြှိမ်းသတ်ရေးယာဥ်တွေနဲ့ လာရောက် ငြှိမ်းသတ်ခဲ့ကြပါတယ်။

မီးလောင်မှုကြောင့် စတိုးဆိုင်အပေါ်ထပ်တခုလုံး ဆုံးရှုံးခဲ့ပြီး မီးသတ်နဲ့ အရပ်ဘက်အသင်းတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၈ နာရီ ၂၃ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။

‌မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တဦးက “အသေးစိတ်ကတော့ စစ်ဆေးနေဆဲပါ။ လောင်တာက အပေါ်ထပ်က ပစ္စည်းထားတဲ့နေရာမှာ။ အောက်ထပ်က ဆိုင်ခန်း‌တွေရှိတယ်။ မီးထဲပါသွားတာက အပေါ်တထပ်လုံးပါပဲ။ လူထိခိုက်မိတာတော့ မရှိဘူး” လို့ ပေြာပါတယ်။

မီးလောင်ရတဲ့အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုး အသေးစိတ်ကို ကျောက်တန်းမြို့နယ် မီးသတ်က စစ်ဆေးတွက်ချက်နေဆဲဖြစ်ပြီး မီးလောင်မှုအတွင်း လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013