Home
မြန်မာသတင်း
မြစ်ကြီးနားတွင် လူငယ် ၃ ဦး ဖမ်းဆီးခံရ
DVB
·
February 15, 2024
myint 1522024

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်းက အရပ်ဝတ် လက်နက်ကိုင်အဖွဲ့က လူငယ် သုံးယောက်ကို ဖမ်းဆီးသွားကြောင်း ဒေသခံထံက သိရပါတယ်။

တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမကြီးရှိ နေအိမ်တန်းလျားမှာ နေထိုင်သူ အမျိုးသားလူငယ် သုံးယောက်ကို အရပ်ဝတ် လက်နက်ကိုင်အဖွဲ့က လက်ထိပ်ခတ် ဖမ်းခေါ်သွာတာလို့ ဆိုပါတယ်။

ရွှေလမ်းမကြီးမှာနေထိုင်သူ အမျိုးသားတဦးက “မနက် ၄ နာရီလောက် ကားတွေ ဆိုင်ကယ်တွေနဲ့ အင်အား ၂၀ ဝန်းကျင်လောက်ရှိတယ်၊ သေနတ် အတို အရှည်တွေနဲ့။ ကောင်လေးတွေနေတဲ့ အခန်းကို တံခါးဖွင့်ခိုင်းပြီး လက်ထိပ်ခတ် ဖမ်းသွားတာ။ ဖမ်းတဲ့သူတွေရဲ့ ပုံစံကို ကြည့်ရတာတော့ စစ်ကောင်စီတပ်က သူတွေလို့ ယူဆရတယ်၊ ဘာလို့ဖမ်းတာလဲတော့ မသိရဘူး” လို့ ပြောပါတယ်။

အရပ်ဝတ် လက်နက်ကိုင်အဖွဲ့က အသက် ၂၀ ကျော်နဲ့ ၃၀ ဝန်းကျင် လူငယ်သုံးယောက် ကို လက်ထိပ်ခတ် ဖမ်းဆီးပြီး ဆိုင်ကယ်နှစ်စီးကိုလည်း ယူဆောင်သွားပါတယ်။

လူငယ်သုံးယောက်ကို  ဘာအကြောင်းပြချက်နဲ့ ဖမ်းဆီးပြီး ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကတော့ ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024