မနေ့ညက ကစားသွားတဲ့ အာဖရိကဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ အိမ်ရှင် အိုင်ဗရီကို့စ်အသင်းက နိုင်ဂျီးရီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး အာဖရိကဖလားကို ၃ ကြိမ်မြောက် ရယူနိုင်ခဲ့ပါတယ်။
အိမ်ရှင် အသင်းဟာ ပွဲချိန် ၃၈ မိနစ်မှာ ဦးဆောင်ဂိုးစတင်ပေးလိုက်ရပေမဲ့ ဒုတိယပိုင်း ၆၂ မိနစ်မှာ ကတ်ဆေးက ချေပဂိုးသွင်းခဲ့ပြီး ပွဲချိန် ၈၁ မိနစ်မှာ ဒေါ့မွန်တိုက်စစ်မှူး ဟော်လာက အနိုင်ဂိုး သွင်းခဲ့တာပါ။
၁၉၉၂ နဲ့ ၂၀၁၅ ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ပြီးနောက် တတိယအကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့တဲ့ အိုင်ဗရီကို့စ်အသင်းဟာ အိမ်ကွင်းပရိသတ်တွေရှေ့မှောက်မှာပဲ အောင်ပွဲခံနိုင်ခဲ့ပါတယ်။
အာဖရိကဖလားပြိုင်ပွဲသမိုင်းမှာ အီဂျစ်က ချန်ပီယံ ၇ ကြိမ်နဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းတင်ထားပြီး ကင်မရွန်းက ၅ ကြိမ်၊ ဂါနာက ၄ ကြိမ်၊ နိုင်ဂျီးရီးယားနဲ့ အိုင်ဗရီကို့စ်တို့က ၃ ကြိမ်စီ ချန်ပီယံဖြစ်ထားပါတယ်။
Photo-Reuters