မကွေးတိုင်း ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်နယ်တွေမှာ ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့မနက်အစောပိုင်းက မြေငလျင်တွေ လှုပ်ခတ်သွားခဲ့တယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီမနက် မြန်မာစံတော်ချိန် မနက် ၃ နာရီ၊ ၁၈ မိနစ်၊ ၄၈ စက္ကန့်မှာ ဟားခါးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၇၆ မိုင် ခန့်အကွာ၊ မြန်မာပြည်တွင်း ထီးလင်းမြို့ အနောက်တောင်ဘက် ၁၂ မိုင် ခန့်အကွာ အနက် ၄၉ ကီလိုမီတာကို ဗဟိုပြီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်လှုပ်သွားတာလို့ ဆိုပါတယ်။
အလားတူ ဖေဖော်ဝါရီ ၁၂ ရက် မြန်မာစံတော်ချိန် ၀၀ နာရီ၊ ၂၈ မိနစ်၊ ၂၆ စက္ကန့် ကလည်း ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၇၆ မိုင်ကွာဝေးတဲ့ မြန်မာ့ပင်လယ်ပြင်၊ ဖျာပုံမြို့ အရှေ့တောင်ဘက် ၆၇ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ် တာစကေး ၄ ဒသမ ၂ ရှိ အင်အားအနည်းငယ်ရှိတဲ့မြေငလျင်လှုပ်သွားတယ်လို့ ထုတ်ပြန်ပါတယ်။
အဆိုပါ မြေငလျင်တွေကြောင့် အပျက်အစီးတွေနဲ့ ထိခိုက် ဒဏ်ရာသူတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကတော့ မကြားသိရပါဘူး။
Photo- မိုးဇလ