လက်ဘနွန်တောင်ဘက်နယ်စပ်ကနေ ကီလိုမီတာ ၆၀ လောက်အကွာမှာ ဟားမတ်စ်တွေနဲ့ နီးစပ်တဲ့ ပါလက်စတိုင်း တဦးကို ပစ်မှတ်ထားပြီး ဖေဖော်ဝါရီ ၁၀ ရက်မှာ အစ္စရေးက တိုက်ခိုက်ခဲ့ပေမဲ့ အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ လုံခြုံရေးသတင်း ရင်းမြစ် ၄ ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ နယ်စပ်ဒေသမှာ အများစုကန့်သတ်ထားတဲ့ ဟားမတ်စ်မဟာမိတ် ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးစစ်တပ်တို့ကြား ပုံမှန် အပြန်အလှန်ပစ်ခတ်မှုတွေထက် ပိုပြီး လက်ဘနွန်နိုင်ငံ နယ်မြေထဲကို နက်နက်ရှိုင်းရှိုင်း ရောက်လာခဲ့ပြီး အစ္စရေးစစ်တပ်က ချက်ချင်း မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
အစ္စရေးနိုင်ငံ မြောက်ပိုင်းနဲ့ လက်ဘနွန်နယ်စပ်မှာ ဖေဖော်ဝါရီ ၁၀ ရက်က မီးခိုးတွေ မြင့်တက်လာတာ တွေ့ရတာပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အင်အားကြီး အီရန် ကျောထောက်နောက်ခံပြု လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဟဇ်ဘိုလာ အဖွဲ့ဝင် တဦး အပါအဝင် တခြား လူ ၃ ဦး သေဆုံးခဲ့တယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေက ရိုက်တာကို ပြောပါတယ်။
Source/Photo-Reuters