Home
နိုင်ငံတကာ
ကုလအေဂျင်စီ ဂါဇာရုံးချုပ်အောက်တွင် ဟားမတ်စ်ကွပ်ကဲရေးဥမင်ရှိဟု အစ္စရေး ထုတ်ပြန်
DVB
·
February 11, 2024
Hamas had command tunnel under U.N. Gaza HQ, Israeli military says

ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ လုပ်ငန်းအေဂျင်စီ UNRWA ရဲ့ ဂါဇာ ရုံးချုပ်အောက်မှာ ဟားမတ်စ်ကွပ်ကဲရေးစင်တာလို့ ယူဆရတဲ့ မီတာ ရာနဲ့ချီတဲ့ ဥမင်ကွန်ရက် တခုကို အစ္စရေးတပ်ဖွဲ့တွေက တွေ့ရှိခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်ပါတယ်။ 

UNRWA ဝန်ထမ်းတွေဟာ ဟားမတ်စ်အဖွဲ့မှာ ပါဝင်နေကြတယ်လို့ အစ္စရေးက စွပ်စွဲခဲ့ပြီးကတည်းက အေဂျင်စီအတွက် ရန်ပုံငွေပံ့ပိုးပေးနေတဲ့ အဓိကအလှူရှင်တွေက လှူဒါန်းမှုတွေ ရပ်ဆိုင်းထားပြီး ဌာနတွင်း စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ 

ဒီလိုအချိန်မှာ အစ္စရေးအင်ဂျင်နီယာတပ်ဖွဲ့က နိုင်ငံခြားသတင်းထောက်တွေကိုခေါ်ပြီး UNRWA ရုံးချုပ်အောက်က ဥမင်တွေကို လိုက်လံပြသခဲ့တာဖြစ်ပါတယ်။ 

ဂါဇာကမ်းမြောင်မှာ ဝန်ထမ်း ၁၃,၀၀၀ နဲ့ လည်ပတ်နေတဲ့  UNRWA ဟာ နိုင်ငံတကာအထောက်အပံ့ကို မှီခိုနေရတဲ့  သန်းနဲ့ချီတဲ့ ပါလက်စတိုင်းလူဦးရေအတွက် အဓိက အသက်သွေးကြော ဖြစ်နေပါတယ်။ 

အေဂျင်စီဟာ ကျောင်းတွေ၊ ဆေးခန်းတွေနဲ့ အခြားလူမှုဝန်ထမ်း ဝန်ဆောင်မှုတွေ ပေးအပ်တဲ့အပြင် အကူအညီတွေ ထောက်ပံ့မှုကိုလည်း တာဝန်ယူရတာ ဖြစ်ပါတယ်။ 

“ဒီနေရာကနေ အကုန်လုပ်တာ၊ ဥမင်လမ်းကြောင်းအတွက် လျှပ်စစ်ဓာတ်အားကိုလည်း ဒီကပဲ ပေးတာ။ ဒီနေရာက အဓိက ထောက်လှမ်းရေး ကွပ်ကဲရေးစခန်းတခုပဲ၊  ဒီနေရာက တိုက်ခိုက်မှု အများစုကို သူတို့ကွပ်ကဲတဲ့ ဟားမတ်စ် ထောက်လှမ်းရေးယူနစ်တခု အခြေစိုက်တဲ့နေရာပဲ” လို့ အစ္စရေး ဒုတိယဗိုလ်မှူးကြီးအီအို က သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024