လူငယ်ကွင်းလယ်ကြယ်ပွင့် ကိုဘီမိန်နူး ခြေစွမ်းတိုးတက်လာတဲ့အပေါ် တွဲဖက်ကစားသမား ကတ်စမီရိုကို နည်းပြတန်ဟတ်ဂ်က ချီးကျူးသွားပါတယ်။
ကတ်စမီရိုဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီးနောက် မိန်နူးနဲ့ အတူ အသင်းကွင်းလယ်မှာ တွဲဖက်ကစားနေတာပါ။
မိန်နူးရဲ့ ခြေစွမ်းတိုးတက်လာတာက ဝါရင့် ကွင်းလယ်လူ ကတ်စမီရိုရဲ့ လက်တွဲခေါ်ယူမှုတွေလည်း ပါဝင်ပြီး ကစားသမားနှစ်ဦးကြားမှာ ရင်းနှီးတဲ့နားလည်မှု ရှိနေပြီလို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ကတ်စမီရိုက မိန်နူးရဲ့ တိုးတက်လာမှုကို အရှိန်မြှင့်တင်ပေးနိုင်ခဲ့ပြီး အဝတ်လဲခန်းထဲမှာ အပါအဝင် လေ့ကျင့်ရေးကွင်းနဲ့ ပွဲကစားချိန်အတွင်းမှာလည်း မိန်နူးကို စကားပြောဆိုတာတွေကို မြင်တွေ့ရမှာဖြစ်ကြောင်း နည်ပြတန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းဟာ နောက်ဆုံး ၃ ပွဲ ဆက်တိုက် နိုင်ပွဲရရှိထားပြီး တနင်္ဂနွေနေ့မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ပွဲစဉ်အဖြစ် အက်စ်တန်ဗီလာနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
Photo-REUTERS/Carl Recine