လီဗာကူဆင်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲက ဘိုင်ယန်တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့စွမ်းဆောင်ရည်ကို ဂျာမန် မီဒီယာ Bild က ဝေဖန်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုအတွက် အရေးပါတဲ့ အဲဒီပွဲစဉ်မှာ ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့သလို ဘိုင်ယန်အသင်းဘက်က ဂိုးပေါက်တည့်တဲ့ကန်ချက် တကြိမ်ပဲရှိခဲ့တာပါ။
ဟယ်ရီကိန်းအနေနဲ့လည်း ဧရိယာအပြင်ဘက်ကနေ တကြိမ်ပဲ ဂိုးပေါက်ကန်ချက် ရရှိခဲ့ပြီး အဲဒီကန်ချက်ဟာလည်း ပြိုင်ဘက်ကစားသမားနဲ့ ထိပြီး ဘေးထွက်ခဲ့တာပါ။
ဂျာမန်မီဒီယာ Bild ကတော့ ဟယ်ရီကိန်းဟာ ကပ်ဘေးတခုလို ဖြစ်နေခဲ့ပြီး ဘိုင်ယန်ဂျာစီနဲ့ အဆိုးဆုံး ပွဲစဉ်ဖြစ်ခဲ့ကြောင်း ဝေဖန်ရေးသားခဲ့ပါတယ်။
ဟယ်ရီကိန်းဟာ သူ့ကစားသမားဘဝတလျှောက် ပထမဆုံး ဆုဖလားကိုင်မြှောက်နိုင်ဖို့ ဘိုင်ယန်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာပါ။
ဒါပေမဲ့ ဂျာမန်စူပါဖလား ဗိုလ်လုပွဲမှာ လိုက်ပ်ဇစ်ကို ၃ ဂိုးပြတ်နဲ့ရှုံးပြီး ဖလားလက်လွှတ်ခဲ့ရသလို ပိုကယ်ဖလားမှာလဲ လိဂ် ၃ က အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
လီဗာကူဆင်ကို ရှုံးနိမ့်မှုကြောင့် ၅ မှတ် ကွာဟသွားတဲ့ ဘိုင်ယန်အသင်းဟာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုအတွက်လည်း အခွင့်အလမ်းနည်းပါးသွားပြီ ဖြစ်ပါတယ်။
Photo-REUTERS/Wolfgang Rattay