ကာတာအသင်းဟာ အခုနှစ် အာရှဖလားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲမှာ ဂျော်ဒန်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး နှစ်ကြိမ်ဆက်တိုက် အာရှချန်ပီယံအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ကာတာအသင်းဟာ ပင်နယ်တီသွင်းဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး နှစ်ကြိမ်ဆက်တိုက်ချန်ပီယံ ဖြစ်လာတာပါ။
၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၀၄ ပြိုင်ပွဲတွေမှာ ဂျပန်အသင်းက နှစ်ကြိမ်ဆက်တိုက်ချန်ပီယံဖြစ်ခဲ့ပြီး နောက်ပိုင်း ကာတာအသင်းက ပထမဆုံးအကြိမ် နှစ်ကြိမ်ဆက်တိုက်ချန်ပီယံ ဖြစ်ခဲ့သလို အာရှဖလားချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တဲ့ ၅ သင်းမြောက် လက်ရှိချန်ပီယံအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ကာတာအသင်းဟာ ရှုံးထွက်အဆင့်တွေမှာ ဂျပန်၊ တောင်ကိုရီးယားတို့လို အရှေ့အာရှအသင်းတွေနဲ့ တွေ့ဆုံခဲ့ခြင်းမရှိဘဲ ပါလက်စတိုင်း၊ ဥဇဘက်ကစ္စတန်၊ အီရန်နဲ့ ဂျော်ဒန်အသင်းတွေကို ကျော်ဖြတ်ကာ ချန်ပီယံဆု ဖလားရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo-REUTERS/Molly Darlington