ထိုင်း-မြန်မာနယ်စပ်မှာ လူဦးရေ ၂ သောင်း ခိုလှုံနေထိုင်နိုင်မယ့် ယာယီစစ်ရှောင်စခန်း ၃ ခု ဖွင့်လှစ်သွားမယ်လို့ ထိုင်းနိုင်ငံခြား ရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ထိုင်းဝန်ကြီးက အဆိုစစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အစီအစဉ်အရ ရိက္ခာ၊ ဆေးဝါးတွေကို ထိုင်းနဲ့ မြန်မာ နှစ်ဘက် ကြက်ခြေနီအသင်းတွေ ချိတ်ဆက်ကာ မြန်မာ-ထိုင်း မြဝတီ-မဲဆောက် ချစ်ကြည် ရေးတံတားအမှတ် ၂ ကတဆင့် ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။
မကြာသေးခင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဘက်နဲ့ စေ့စပ်ညှိနှိုင်းဖို့ အရာရှိတွေကို မြန်မာနိုင်ငံကို စေလွှတ်ခဲ့ပြီး မြန်မာဘက်ကလည်း ဒီလို လူသားစာနာ အကူအညီပေးဖို့ သဘောတူခဲ့တယ်လို့ ထိုင်းဝန်းကြီက ပြောပါတယ်။