ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးဟာ သိသိသာသာ ဆိုးရွားလာတာကြောင့် တောင်ကိုရီးယားနဲ့ ချုပ်ဆိုထားတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ သဘောတူညီချက်တွေ အားလုံးကို ဖျက်သိမ်းဖို့ မြောက်ကိုရီးယားရဲ့ အမြင့်ဆုံး ပြည်သူ့လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ကြောင်း မြောက်ကိုရီးယားရဲ့ တရားဝင် KCNA သတင်းဌာနက ဖေဖော်ဝါရီ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အာဏာရ အလုပ်သမားပါတီက ပံ့ပိုးပေးတဲ့ မူဝါဒကို ချမှတ်မယ့် တရားဝင် လုပ်ငန်းအဆင့်တွေ လုပ်ဆောင်နေတဲ့ အစည်းအဝေးပွဲဟာ ခွန်းမ်ဂန်းတောင် ခရီးသွားလုပ်ငန်း ပရောဂျက်နဲ့ ပတ်သက်တဲ့ အထူးဥပဒေ အပါအဝင် ဆိုးလ်နဲ့ စီးပွားရေးဆက်ဆံမှုဆိုင်ရာ ဥပဒေတွေကို ဖျက်သိမ်းဖို့ စည်းဝေးပွဲမှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။
အရှေ့ဘက်နယ်စပ်ရဲ့ မြောက်ဘက်လောက်ရှိ ရှုခင်းသာတောင်ကိုသွားတဲ့ ခရီးစဉ်တွေဟာ ၂၀၀၀ ခုနှစ် အစောပိုင်းတုန်းက ကိုရီးယား ၂ နိုင်ငံအကြား ထိတွေ့ဆက်ဆံမှုကာလ စတင်ခဲ့တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ သင်္ကေတတခုဖြစ်ခဲ့ပြီး တောင်ကိုရီးယားဧည့်သည် ၂ သန်းနီးပါး လာရောက် လည်ပတ်ခဲ့ပါတယ်။
ကန့်သတ်ဇုန်အတွင်း လမ်းလွဲရောက်ရှိသွားတဲ့ တောင်ကိုရီးယား ခရီးသွားတဦးကို မြောက်ကိုရီးယား အစောင့်တွေက ပစ်သတ်ခဲ့ပြီးနောက် ဒီစီမံကိန်းကို ၂၀၀၈ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပါတယ်။
Source/Photo-Reuters