ရုရှားနိုင်ငံရဲ့ မြို့တော်မော်စကိုမှာ ဖေဖော်ဝါရီ ၇ ရက်က နှင်းမုန်တိုင်း ကျရောက်ခဲ့ပြီး နောက်ရက်မှာ နှင်းထုအထူဟာ ၂၅ နှစ်အတွင်း အများဆုံး စံချိန်ချိုးနိုင်မယ်လို့ ခန့်မှန်းချက်တွေ ထုတ်ပြန်ထားပါတယ်။
နှင်းမုန်တိုင်းကြောင့် အကန့်အသတ်နဲ့သာ မြင်နေရလို့ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေက ရှုပ်ထွေးနေဆဲပါ။
စည်ပင်သာယာ အာဏာပိုင်တွေက ကိုယ်ပိုင်ယာဉ် သုံးစွဲသူတွေကို အများသုံး သယ်ယူပို့ဆောင်ရေးစနစ်ကို ပြောင်းသုံးကြဖို့ ယာဉ်မောင်းတွေကို အကြံပြုထားပြီး လမ်းတွေ သန့်ရှင်းအောင် အတတ်နိုင်ဆုံး လုပ်မယ်လို့ ကတိပြုထားပါတယ်။
ဥရောပနဲ့ အာရှဒေသ ၂ ခုလုံးကို လွှမ်းခြုံကျယ်ပြန့်တဲ့ ရုရှားနိုင်ငံက ဒေသအများအပြားကို သက်ရောက်စေမယ့် ဆိုင်ကလုန်းမုန်တိုင်း အိုလ်ဂါကြောင့် ဆီးနှင်းတွေကျရတာလို့ မိုးလေဝသပညာရှင်တွေက ပြောထားပါတယ်။
Source/Photo-Reuters