စပိန်နိုင်ငံမှာ လယ်သမားတွေဟာ စပိန်အရှေ့ဘက်ကမ်းရိုးတန်းက ကတ်စ်တယ်ယွန်း ဆိပ်ကမ်းဆီသွားတဲ့ ပင်မဝင်ပေါက်ကို ဖေဖော်ဝါရီ ၇ ရက်က လယ်ထွန်စက်တွေနဲ့ ပိတ်ဆို့ခဲ့ပြီး အတားအဆီးတွေကို မီးရှို့ရင်း ထိုင်သပိတ်မှောက်ခဲ့ကြပါတယ်။
ရဲအရာရှိတွေက ဆန္ဒပြသူတွေကို အကြမ်းမဖက်ဘဲ တယောက်ပြီးတယောက် ဖယ်ရှားခဲ့ကာ ပိတ်ဆို့တားဆီးတာတွေကို အဆုံးသတ်ခဲ့ပါတယ်။
အီဂျစ်နဲ့ တူရကီတို့လို နိုင်ငံတွေဆီကနေ သွင်းကုန်တွေသွင်းတာ တရားမျှတမှုမရှိဘူးလို့ ရှုမြင်တဲ့ လယ်သမားတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြတာလို့ ဆိပ်ကမ်းက သမဂ္ဂကိုယ်စားလှယ် တဦးက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က စပိန်နိုင်ငံတဝန်း အဓိကလမ်း ၁၅ လမ်းကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြပြီး ဥရောပတိုက်တဝန်း တခြားနေရာတွေမှာပါ ပြန့်ကျဲနေတဲ့ ဆန္ဒပြပွဲတွေအတွင်း ဒေါသထွက်နေတဲ့ လယ်သမားတွေဟာ စရိတ်စကကြီးမြင့်တာနဲ့ စျေးပေါတဲ့ နိုင်ငံခြား ပြိုင်ဆိုင်မှုတွေကို ဆန့်ကျင်ရင်း ဥရောပရဲ့ ဗျူရိုကရေစီစနစ်ကို ကန့်ကွက် ဆန္ဒပြနေကြပါတယ်။
Source/Photo-REUTERS/Alexandros Avramidis