အက်ဖ်အေဖလားရှုံးထွက်ပွဲစဉ်မှာ နောက်ခံလူ သီယာဂိုဆေးလ်ဗားကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့တာဟာ ဇနီးဖြစ်သူရဲ့ မှတ်ချက်နဲ့ မသက်ဆိုင်ကြောင်း နည်းပြပိုချက်တီနိုက ပြောသွားပါတယ်။
သီယာဂိုဆေးလ်ဗားရဲ့ ဇနီးဖြစ်သူ ဘယ်လီဆေးလ်ဗားဟာ ရလဒ်ဆိုးရွားလာတဲ့ ချဲလ်ဆီးအသင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အပြောင်းအလဲတခုကို နောက်မကျခင်အမြန်ဆုံးလုပ်ဆောင်ဖို့လိုအပ် နေပြီဖြစ်ကြောင်း နည်းပြပိုချက်တီနိုကို ထုတ်ပယ်ဖို့ ရည်ရွယ်ပြီး ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆေးလ်ဗားကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့တာလားဆိုတဲ့ မေးခွန်း အပေါ် မဟုတ်မှန်ကြောင်းနဲ့ ပရော်ဖက်ရှင်နယ်ပီသစွာနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ပိုချက်တီနိုက ပြောပါတယ်။
ကစားသမားရွေးချယ်ရာမှာ စွမ်းဆောင်ရည်ကိုပဲကြည့်ပြီး ပွဲထွက်စေခဲ့တာဖြစ်ကြောင်း မေးခွန်းအပေါ် နားလည်ပေမဲ့ တည်ငြိမ်မှုရှိရှိနဲ့ ပရော်ဖက်ရှင်နယ်ဆန်စွာ ဖြေရှင်းသွားရမှာဖြစ်တယ်လို့ ပိုချက်တီနိုက ပြောသွားပါတယ်။
ဆေးလ်ဗားဟာ ပွဲအစလူစာရင်းမှာ မပါဝင်ခဲ့ပေမဲ့ ပွဲချိန် ၈၁ မိနစ်မှာတော့ လူစားဝင် ကစားခွင့်ရရှိ ခဲ့ပါတယ်။
Photo-Reuters