အာဖရိကဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲမှာ အိမ်ရှင် အိုင်ဗရီကို့စ်အသင်းနဲ့ နိုင်ဂျီးရီးယားအသင်းတို့ တွေ့ဆုံ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်မှာ နိုင်ဂျီးရီးယားက တောင်အာဖရိကအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာအနိုင်ရရှိခဲ့ပြီး ၈ ကြိမ်မြောက် ဗိုလ်လုပွဲတက်ခဲ့တာပါ။
နိုင်ဂျီးရီးယားအသင်းဟာ နောက် ကျချေပဂိုးပေးလိုက်ရလို့ တဂိုးစီသရေကျခဲ့တာ ဖြစ်ပြီး အချိန်ပိုမှာလည်း အဖြေမထွက်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
အိုင်ဗရီကို့စ်အသင်းကတော့ ဆီမီးဖိုင်နယ်မှာ ကွန်ဂိုအသင်းကို ကျော်ဖြတ်လာတာဖြစ်ပြီး ဗိုလ်လုပွဲကို ၅ ကြိမ်မြောက်တက်ရောက်နိုင်ခဲ့တာပါ။
အာဖရိကဖလားတတိယလုပွဲစဉ်ကို လာမယ့် ဖေဖော်ဝါရီ ၁၁ ရက်၊ ဗိုလ်လုပွဲစဉ်ကို ဖေဖော်ဝါရီ ၁၂ ရက် နေ့တွေမှာ အသီးသီး ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။
Photo-Reuters