စာချုပ်သက်တမ်းကုန်ဆုံးခါနီးကစားသမားတွေကိုသာ မန်ယူအသင်းက ပစ်မှတ်ထားခေါ်ယူ မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
မန်ယူအသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ လူအင်အားဖြည့် တင်းဖို့အတွက် လက်ရှိအချိန်ကတည်းက မဟာဗျူဟာချကာ ကြိုးပမ်းသွားဖို့ စီစဉ်ထားတာပါ။
ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီဖို့အတွက် စာချုပ်သက်တမ်း ကုန်ဆုံးခါနီးကစားသမားတွေ အဓိက ပစ်မှတ်ထားခေါ်ယူဖို့ မန်ယူအသင်းက ဆုံးဖြတ်ထားတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေကို ကိုးကားပြီး ESPN သတင်းမှာဖော်ပြပါတယ်။
လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေတဲ့ ကစားသမားထဲကနေ မန်ယူအသင်းနဲ့ အဆင်ပြေနိုင်မယ့် ကစားသမား ၄ ဦးကို ဒေးလီးမေးလ်သတင်းစာက ရွေးချယ်ဖော်ပြသွားပါတယ်။
အဲဒီကစား သမားစာရင်းမှာ ဘိုင်ယန်မြူးနစ်က ကင်မစ်ချ်၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ လိုင်လီတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်နဲ့ နိစ်ကွင်းလယ်လူ ခီဖရန်သူယမ်တို့ ပါဝင်နေပါတယ်။
Photo-Reuters