နည်းပြနဲ့ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့ တိုက်စစ်မှူး ဘင်ဇီမာအသင်းဟာ အသင်းလူစာရင်း ကနေ ၂ ပွဲဆက်တိုက် ချန်လှပ်ခံခဲ့ရပါတယ်။
အယ်လ်အီတီဟတ်တိုက်စစ်မှူးဟာ အသင်းကြီးလူစာရင်းကနေ ထုတ်ပယ်ခံထားရပြီး တယောက်တည်းလေ့ကျင့်ခန်းဆင်းဖို့ နည်းပြချုပ် မာဆယ်လိုဂယ်လာဒိုက ဆုံးဖြတ်ခဲ့တာပါ။
မနေ့ညက ကစားခဲ့တဲ့ အယ်လ်တဲလ်နဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အယ်လ် အစ်တီဟတ် အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမဲ့ ဘင်ဇီမာ ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ ၂ ပွဲ ဆက်တိုက် ချန်လှပ်ခံခဲ့ရတာပါ။
အသက် ၃၆ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူးကို ပြီးခဲ့တဲ့ ဇန်နဝါရီလက မန်ယူနဲ့ ချဲလ်ဆီးတို့က ခေါ်ယူဖို့ စိတ်ဝင် စားခဲ့ပေမဲ့အဆင်မပြေဖြစ်ခဲ့တာပါ။
အသင်းဟောင်း လိုင်ယွန်နဲ့လည်း သတင်းထွက်နေပေမဲ့ ပြင်သစ် ကလပ်ဘက်က ဘင်ဇီမာရဲ့ လုပ်ခအပြည့်ဝကို ပေးချေနိုင်ခြင်းမရှိတာကြောင့် အဆင်မပြေဖြစ် နေတယ်လို့သိရပါတယ်။
Photo-Reuters