Home
နိုင်ငံတကာ
နယူးယောက် အိမ်ရာ၀န်ထမ်း  ၇၀  ကို လာဘ်ပေး လာဘ်ယူမှုဖြင့်  စွဲချက်တင် 
DVB
·
February 7, 2024
NYCHA employees arrested for bribery and extortion in New York

မြောက်အမေရိကတိုက်မှာ အကြီးဆုံး အများပိုင်အိမ်ရာအေဂျင်စီဖြစ်တဲ့ အမေရိကန်နိုင်ငံ နယူယောက်မြို့အခြေစိုက်  နယူးယောက်အိမ်ရာအာဏာပိုင်အဖွဲ့ (NYCHA)ရဲ့ လက်ရှိနဲ့လက်ဟောင်း ၀န်ထမ်း အယောက် ၇၀ နီးပါးကို လာဘ်ပေးလာဘ်ယူမှုနဲ့ ဖေဖော်ဝါရီ ၆ ရက်မှာ အစိုးရရှေ့နေက  စွဲချက်တင် လိုက်ပါတယ်။

မန်ဟက်တန်ရပ်ကွက်က အမေရိကန်အစိုးရရှေ့နေ ဒါမီယန်ဝီလျံစ်က ဒီအမှုကို အမေရိကန် တရားရေးဌာနသမိုင်းမှာ "တရက်တာအတွင်း လာဘ်ပေးလာဘ်ယူမှု အများဆုံး ဖယ်ရှားခြင်း" လို့ ခေါ်ဆိုခဲ့ပါတယ်။

အစိုးရရှေ့နေရုံးရဲ့ အဆိုအရ အင်္ဂါနေ့ မနက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ လက်ရှိနဲ့ လက်ဟောင်း NYCHA ဝန်ထမ်း ၆၆ ဦးကို အစိုးရဝန်ထမ်းတွေအဖြစ် ငွေညှစ်မှုနဲ့ အသီးသီး စွဲချက်တင်ထားတာပါ။

အမြင့်ဆုံး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရနိုင်တဲ့ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ တရားစွဲဆို ထားပါတယ်။ စွပ်စွဲခံရသူတချို့ ဟာလဲ ပူးပေါင်းကြံစည်မှုနဲ့ စွဲချက်ကို ရင်ဆိုင်နေရပါတယ်။

NYCHA အမှုဆောင်အရာရှိချုပ် လီဆာဗိုဗာဟိုင်းယတ်က နယူးယောက်မြို့ခံတွေအတွက် တတ်နိုင်တဲ့အိမ်တွေ ဖန်တီးပေးဖို့ လွန်ခဲ့တဲ့နှစ် ၉၀ နီးပါးက တည်ထောင်ခဲ့တဲ့ အေဂျင်စီဟာ မှားယွင်းပြီး တရားမဝင်တဲ့လုပ်ရပ်တွေအတွက် လုံးဝသည်းမခံဘူးလို့ ထုတ်ပြန် ပြောပါတယ်။

ဒီလုပ်ရပ်တွေမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံရသူတွေဟာ သူတို့ရဲ့ လောဘကို ပထမထားပြီး နေထိုင်သူတွေ၊ သူတို့ရဲ့ NYCHA လုပ်ဖော်ကိုင်ဖက်တွေနဲ့ နယူးယောက်မြို့ခံ အားလုံးရဲ့ ယုံကြည်မှုကို ချိုးဖောက်ခဲ့ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မှုခင်းတိုင်တန်းချက်အရ ကြီးကြပ်ရေးမှူးတွေ အပါအဝင် တရားခံတွေဟာ ကန်ထရိုက်တာတွေဆီက မကြာခဏဆိုသလို အသေးစားပြုပြင်မှုလုပ်ငန်းတွေအတွက် ငွေသားတောင်းယူကြတယ်၊ စာချုပ်တခု  တရားဝင်ခွင့်ပြုဖို့ ဒါမှမဟုတ် ပြီးမြောက်တဲ့ အလုပ်မှာ လက်မှတ်မထိုးမီ၊ ပုံမှန်အားဖြင့် စာချုပ်တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်း ကနေ  ၂၀ ရာခိုင်နှုန်း အကြား တောင်းဆိုကြပြီး ပုံမှန်သဘောတူညီချက်တခုအတွက် ဒေါ်လာ ၅၀၀ ကနေ ၂၀၀၀  အကြား ပေးရတယ်လို့ ပါရှိပါတယ်။

သူတို့ဟာ မတူတဲ့ NYCHA အဆောက်အအုံ ၁၀၀ လောက်မှာ ဒေါ်လာ ၁၃ သန်းတန်ဖိုးရှိတဲ့ လေလံမတင်တဲ့ စာချုပ်တွေပေးဖို့ လာဘ်ငွေ ဒေါ်လာ ၂ သန်းကျော်ကို လက်ခံခဲ့တယ်လို့ တိုင်ကြားချက်ထဲမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ တရားခံတွေကို အင်္ဂါနေ့မှာ မန်ဟက်တန်ရပ်ကွက်ရှိ အမေရိကန် ခရိုင်တရားရုံးမှာ ကနဦး စစ်ဆေးခဲ့ပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024