မက္ကဆီကိုထက် ချမ်းသာတဲ့နိုင်ငံတွေမှာတောင်မလုပ်နိုင်သေးတဲ့ ဝန်ထမ်းတွေရဲ့ ပင်စင်ကို လစာနဲ့ထပ်တူပေးမဲ့ အစီအစဉ်တရပ်ကို ရွေးကောက်ပွဲမတိုင်မီမှာ သမ္မတက အဆိုပြုလိုက်ပါတယ်။
သမ္မတ အန်ဒရေမန်နျူရယ် လိုပက်ဇ်အိုဘရာဒေါရဲ့ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အစီအစဉ် အချက် ၂၀ ထဲမှာ ဒီအချက်လည်းပါဝင်လာတာဖြစ်ပါတယ်။
သူ့သမ္မတသက်တမ်းက ရှစ်လသာ ကျန်တော့တာဖို့ ဒီအစီအစဉ်တွေကို သူ့လက်ထက်မှာ အတည်ပြုနိုင်ဖို့ မဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ လာမယ့် ဇွန်လ ၂ ရက်နေ့ သမ္မတရွေးကောက်ပွဲမှာ သူ့ပါတီက သမ္မတလောင်း အနိုင်ရဖို့အတွက် မဲဆန္ဒရှင်တွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
လာမယ့် စက်တင်ဘာလမှာ အနားယူရမှာဖြစ်တဲ့ သမ္မတ လိုပက်ဇ်အိုဘရာဒေါဟာ သူ့ပါတီ မိုရီနာက သမ္မတလောင်း မက္ကဆီကိုစီးတီး မြို့တော်ဝန်ဟောင်း ကလော်ဒီယာ ရှိုင်းဘောင်း အနိုင်ရဖို့ မျှော်လင့်ထားပါတယ်။
လစာနဲ့ ပင်စင် တပြေးညီပေးမဲ့အစီအစဉ်ကြောင့် မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်မယ်ဆိုရင် သူ့ပါတီက သမ္မတနေရာသာမကဘဲ လွှတ်တော်မှာပါ အမတ်သုံးပုံနှစ်ပုံကျော်ရပြီး အခြေခံဥပဒေပါ ပြင်ဆင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေထဲမှာ လူတိုင်းအတွက်အင်တာနက်လို အစီအစဉ်တွေပါသလို ကျောက်ထုကိုခွဲပြီး သဘာဝဓာတ်ငွေ့ထုတ်လုပ်တာ၊ မြေပေါ်ဟင်းလင်းပွင့် သတ္တုတူးဖော်တာတွေ ပိတ်ပင်ဖို့၊ တိရစ္ဆာန်ညှင်းပန်းနှိပ်စက်တာနဲ့ Vape Pen တွေ တားမြစ်ဖို့တွေပါဝင်ပါတယ်။
အစိုးရကို ထိန်းကျောင်းတဲ့ အေဂျင်စီတွေ အဖွဲ့တွေကို ဖျက်သိမ်းဖို့လည်းပါပါတယ်။ အရင်ကလည်း လိုပက်ဇ် အိုဘရာဒေါဟာ မဖြည့်ဆည်းနိုင်တဲ့ ကတိတွေပေးခဲ့ဖူးပြီး မက္ကဆီကိုမှာ ဒိန်းမတ်ထက်သာတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးမယ်ဆိုတာမျိုး ပြောခဲ့ဖူးပါတယ်။
Source/Photo - Reuters