Home
နိုင်ငံတကာ
ကင်ဆာရောဂါခံစားနေရသည့် ချားလ်စ်ဘုရင်ထံ တော်ဝင်မင်းသား ဟယ်ရီ သွားရောက်
DVB
·
February 7, 2024
FILE PHOTO: Britain's Prince Harry, Duke of Sussex's lawsuit against a newspaper group, in London

ချားလ်စ်ဘုရင်ဟာ ကင်ဆာရောဂါတမျိုး ခံစားနေရတယ်လို့ ထုတ်ဖော် ပြောဆိုပြီး နောက်တနေ့မှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီဟာ ဖေဖော်ဝါရီ ၆ ရက်မှာ အမေရိကန်ကနေ ဗြိတိန်နိုင်ငံ မြို့တော် လန်ဒန်ဆီ လေယာဉ်နဲ့ သွားခဲ့ပါတယ်။

ချားလ်စ်ဘုရင်ရဲ့ သားငယ် ဟယ်ရီကို  ဟီသ်ရိုးလေဆိပ်ဆီ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ ဗြိတိန်အဲဝေး လေကြောင်းလိုင်းက လေယာဉ်တစင်းရဲ့ ရုပ်သံကို BBC သတင်းဌာနက ထုတ်လွှင့် ပြသခဲ့ပါတယ်။

ကားနံပါတ်တွေအရ ဟယ်ရီရဲ့ ယာဉ်တန်းက ချားလ်စ် ဘုရင်ရဲ့ ကလဲရန့်စ် စံအိမ်ဆီ ရောက်လာတဲ့ ဓာတ်ပုံတွေကိုလည်း ရိုက်တာ သတင်းဌာနက ပြသခဲ့ပါတယ်။

မယ်တော် အဲလိဇဘက် ဘုရင်မကြီး နတ်ရွာစံပြီးတဲ့နောက် နန်းသက် ၁၈ လ မပြည့်သေးတဲ့ အသက် ၇၅ နှစ်အရွယ် ချားလ်စ်ဟာ ဖေဖော်ဝါရီ ၅ ရက်မှာ ကင်ဆာရောဂါ ခံစားနေရတာကို ရှာဖွေတွေ့ရှိခဲ့ပြီး ကုသမှုခံယူဖို့ လူထုနဲ့ ထိတွေ့မယ့်ကိစ္စတွေကို ရွှေ့ဆိုင်းလိုက်တယ်လို့ ဘက်ကင်ဟမ်နန်းတော်က ကြေညာခဲ့ပါတယ်။

Source/Photo-REUTERS/Hannah McKay

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013