အာရှခရီးစဉ်အတွင်းမှာ ပင်ပန်းနွမ်းနယ်မှုတွေရှိလို့ အမြန်ဆုံး ပြီးဆုံးချင်ပြီဖြစ်ကြောင်း အင်တာမိုင်ယာမီ တိုက်စစ်မှူး မက်ဆီကဝ န်ခံပြောသွားပါတယ်။
မက်ဆီဟာ အာရှတိုက်က အသင်းတွေနဲ့ ခြေစမ်းပွဲတွေမှာ ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိပေမဲ့ ခရီးပန်းတဲ့ ဒဏ်ကို ခံစားနေရတာပါ။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဟောင်ကောင်အောစတာအသင်းနဲ့ပွဲမှာလည်း အရန်ခုံမှာသာရှိနေခဲ့ပြီး ပွဲမကစားနိုင်တဲ့အပေါ် ပရိသတ်တွေက အားမလိုအားမရဖြစ်ပြီး အသင်းကို ငွေပြန်အမ်းဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။
ခြေစမ်းခရီးစဉ်အတွင်းမှာ ပင်ပန်းနွယ်နယ်မှု အနည်းငယ် ခံစားရပြီး နောက်ဆုံးပွဲစဉ် အမြန်ကစားပြီး အိမ်ပြန်ချင်နေပြီဖြစ်ကြောင်း မက်ဆီက ပြောပါတယ်။
မိုင်ယာမီအသင်းဟာ အယ်လ်ဆာဗေဒိုနိုင်ငံကနေ တဆင့် ဆော်ဒီ၊ ဟောင်ကောင်နဲ့ ဂျပန်နိုင်ငံတွေမှာ ခြေစမ်းပွဲတွေ လာရောက်ကစားတာပါ။
အာရှခရီးစဉ်ရဲ့ နောက်ဆုံး ခြေစမ်းပွဲအဖြစ် ဂျပန်ကလပ် ဗစ်ဆယ်ကိုဘေးအသင်းနဲ့ ဖေဖော်ဝါရီ ၇ ရက်မှာ ခြေစမ်းကစားသွားမှာ ဖြစ်ပါတယ်။
Photo-Reuters