လီဗာပူးအသင်းဟာ နည်းပြကလော့ပ်ရဲ့နေရာမှာ အလွန်ဆိုနဲ့ အစားထိုးဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။
လီဗာပူးအသင်းဟာ နည်းပြကလော့ပ် ထွက်ခွါတော့မယ့် ဆုံးဖြတ်ချက်ကြောင့် လာမယ့် ရာသီအတွက် နည်းပြသစ်ရှာဖွေရာမှာ အလွန်ဆိုကို ဆက်သွယ်ခဲ့တာပါ။
ပြင်သစ်မီဒီယာ Foot Mercato ရဲ့ဖော်ပြချက်အရ လီဗာပူးအသင်းဟာ ဘွန်ဒက်စ်လီဂါကလပ် လီဗာကူဆင်အသင်းကို အဆင့်တစ်နေရာမှာ ရပ်တည်နိုင်အောင်စွမ်း ဆောင်ပေးထားတဲ့ အသင်းရဲ့ ကစားသမားဟောင်း ဇာဗီအလွန်ဆိုကို ဦးစားပေးခန့်အပ် နိုင်ဖို့ ကြိုးပမ်းခဲ့တာပါ။
ဘယ်လိုသဘောတူညီမှုရရှိခဲ့သလဲဆိုတာ မသိရသေးပေမဲ့ နည်းပြအလွန်ဆိုဘက်ကတော့ အနာဂတ်ကို ပြောပြလို့မရနိုင်ကြောင်းနဲ့ လတ်တလောမှာ လစ်ဗာကူဆင်အတွက်ပဲ အာရုံစိုက် ထားကြောင်း ပြောထားပါတယ်။
လီဗာပူးအသင်းဟာ အလွန်ဆိုနဲ့ အဆင်မပြေဖြစ်ခဲ့ရင် ဘရိုက်တန်နည်းပြ ဒီဇာဘီကို ခန့်အပ်ဖို့လည်း လျာထားပါတယ်။
Photo-Reuters