အာရှထိပ်သီးတောင်ကိုရီးယားအသင်းဟာ မနေ့က ကစားခဲ့တဲ့ အာရှဖလားဆီမီးဖိုင်နယ်မှာ ဂျော်ဒန်ကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံဆုနဲ့ ၆၄ နှစ်ကြာ ဝေးကွာနေမှုကို အဆုံးမသတ်နိုင်သေးဘဲ ဖြစ်ခဲ့ရပါတယ်။
တောင်ကိုရီးယားအသင်းဟာ အမေရိကန်နဲ့ ဂျာမနီနည်းပြဟောင်း ကလင်းစမန်းလက်ထက်မှာ နာမည်ကြီးကစားသမားတွေ ပိုများလာပေမဲ့ ခြေစွမ်းပိုင်း အားနည်းချက်တွေရှိခဲ့ပြီး အခုနှစ် အာရှဖလားမှာလည်း ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
တောင်ကိုရီးယားအသင်းဟာ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်၊ ဝုဗ်တိုက်စစ်မှူး ဟွမ်ဟီးချန်တို့လို နာမည်ကြီးကစားသမားတွေပါဝင်ခဲ့ပေမဲ့ ဂျော်ဒန်အသင်းဘက်ကို ဂိုးပေါက်တည့်တဲ့ ကန်ချက် မရှိခဲ့ဘဲ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။
တောင်ကိုရီးယားအသင်းဟာ ပထမဆုံးအာရှဖလားပြိုင်ပွဲဖြစ်တဲ့ ၁၉၅၆ ပြိုင်ပွဲနဲ့ ၁၉၆၀ ပြိုင်ပွဲတွေမှာ နှစ်ကြိမ်ဆက်တိုက်ချန်ပီယံဖြစ်ခဲ့ပေမဲ့ လက်ရှိအချိန်ထိ ဆုဖလားနဲ့ ဝေးကွာနေတာ ၆၄ နှစ် ကြာမြင့်နေပြီဖြစ်ပါတယ်။
ဂျော်ဒန်အတွက်တော့ ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်ခဲ့ပြီး အိမ်ရှင် ကာတာနဲ့ အီရန် ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲကစားသွားရမှာ ဖြစ်ပါတယ်။
Photo-Reuters