အသင်းပိုင်ရှင်တွေရဲ့ အားပေးထောက်ခံမှု ဆက်လက် ရရှိနေဆဲဖြစ်ကြောင်း ချဲလ်ဆီးနည်းပြပိုချက်တီနိုက ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ အပြီးမှာ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး ဥရောပဝင်ခွင့် ပြန်ရဖို့ခက်ခဲတဲ့အခြေအနေ ရောက်ရှိနေတာပါ။
နောက်ဆုံး ၂ ပွဲဆက်တိုက် ဂိုးပြတ်ရှုံးပွဲတွေနဲ့ ကြုံတွေ့ခဲ့ရသည့်တိုင် အသင်းပိုင်ရှင်တွေရဲ့ အားပေးထောက်ခံမှု ရရှိနေဆဲဖြစ်ပြီး ကစားသမားတွေအပေါ်မှာလည်း ယုံကြည်မှုရှိကြောင်း နည်းပြပိုချက်တီနိုက ပြောပါတယ်။
ချဲလ်ဆီးအသင်းရဲ့ သမိုင်းမှာ ရလဒ်နဲ့ စွမ်းဆောင်ရည်မကောင်းတာကြောင့် နည်းပြတွေကို ထုတ်ပယ်တဲ့ အကြိမ်အရေအတွက် များပြားခဲ့တာကို သိရှိနားလည်ထားကြောင်း၊ လက်ရှိ အခြေအနေကို ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ထားကြောင်း ပိုချက်တီနိုက ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်အဖြစ် ဗီလာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်မှာ ခရစ္စတယ်ပဲလေ့နဲ့ လိဂ်ပွဲစဉ် ဆက်လက်ကစားသွားရမှာ ဖြစ်ပါတယ်။
Photo-Reuters