Home
နိုင်ငံတကာ
ချားလ်စ်ဘုရင် ကင်ဆာရောဂါ ကုသမှုခံယူမည်
DVB
·
February 6, 2024
Britain's King Charles and Queen Camilla attend the Royal British Legion Festival of Remembrance, in London

ဗြိတိန်ရဲ့ တတိယမြောက် ချားလ်စ်ဘုရင်ဟာ ကင်ဆာရောဂါ ဖြစ်ပွားနေတဲ့အတွက် ကုသမှုခံယူဖို့ ပြည်သူ့ရေးရာ ဆောင်ရွက်မှုတွေ ရွှေ့ဆိုင်းသွားမှာဖြစ်တယ်လို့ ဘက်ကင်ဟန်နန်းတော်က ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

နန်းစံသက် ၁၈ လ မပြည့်သေးခင်မှာ ကင်ဆာအကြောင်း သိခဲ့ရတာဖြစ်ပေမဲ့ ဗြိတိန်ဘုရင်ဟာ “လုံးဝ” အကောင်းမြင်ထားဆဲ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သက်တော် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ချားလ်စ်ဘုရင်ဟာ မယ်တော် အဲလိဇဘက်ဘုရင်မကြီး နတ်ရွာစံပြီးတဲ့နောက် ၂၀၂၂ စက်တင်ဘာမှာ နန်းမွေဆက်ခံခဲ့တာ ဖြစ်ပါတယ်။

နန်းမွေခံပြီးကတည်းက ကုသမှုတွေ တောက်လျှောက်လုပ်နေရပေမဲ့ ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန် တာဝန်တွေ အပြည့်အဝ ထမ်းဆောင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လက ပြန့်ပွားမှုမရှိတဲ့ ဆီးကျိတ်ရောင်ရမ်းမှုအတွက် ကုသမှုခံယူပြီး ဆေးရုံမှာ သုံးညနေခဲ့စဉ် ကင်ဆာနဲ့ပတ်သက်ပြီး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဆေးရုံမှာ ကုသမှုခံယူစဉ် မူလကုသမှုနဲ့မဆိုင်တဲ့ “ကင်ဆာပုံစံတမျိုး” ကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ နန်းတော်က ထုတ်ပြန်ပါတယ်။

ဆီးကျိတ်ကင်ဆာ မဟုတ်ဘူး ဆိုတာကလွဲလို့ အခုအဆင့်မှာ တခြားအသေးစိတ်တွေ မထုတ်ပြန်နိုင်သေးဘူးလို့ ဆိုပါတယ်။

လတ်တလောကာလမှာတော့ နိုင်ငံတော်လုပ်ငန်းကိစ္စတွေ ပုံမှန်အတိုင်း  ဆက်လက်ဆောင်ရွက်သွားဦးမှာဖြစ်ပြီး ကုသမှုခံယူချိန်မှာ အနားယူမှာဖြစ်ပါတယ်။

Source/Photo-REUTERS/Maja Smiejkowska

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013