ချဲလ်ဆီးအသင်းရဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေအပေါ် အပြင်းအထန် ဝေဖန်ခံနေရပါတယ်။
အာဂျင်တီးနားနည်းပြ ပိုချက်တီနို ကိုင်တွယ်နေတဲ့ ချဲလ်ဆီးအသင်းဟာ လူငယ် ကစားသမားတွေကို ဈေးကြီးပေးကာ ခေါ်ယူခဲ့ပြီး စုစုပေါင်း ပေါင် ၁ ဘီလီယံလောက် ငွေကြေး အသုံးပြုခဲ့တာပါ။
လက်ရှိ အချိန်အထိ ရလဒ်မကောင်း ဖြစ်နေတဲ့အပေါ် ဘောလုံးကျွမ်းကျင်သူတွေရဲ့ အပြင်းအထန် ဝေဖန်မှုခံနေရတာပါ။
အနာဂတ်အတွက် ရည်ရွယ်ပြီး လူငယ်ကြယ်ပွင့်တွေကို အများအပြားခေါ်ယူခဲ့တာက လတ်တလော စွမ်းဆောင်ရည်ပိုင်းမှာတော့ အတွေ့အကြုံနည်းပါးမှုနဲ့ ဦးဆောင်မှု ကင်းမဲ့နေတာကြောင့် အားနည်းချက်တွေ ဖြစ်ပေါ်ခဲ့ကြောင်း ဆောင်းပါးရှင် ဆမ်မီမော့ဘဲလ်က ရေးသားပါတယ်။
နည်းပြ ပိုချက်တီနိုဟာလည်း ဖိအားတွေအောက် ရောက်နေပြီး အသင်းတာဝန်ရှိသူတွေဖြစ်တဲ့ ပေါလ်ဝမ်စတန်လေ၊ လောရင့်စတီးဝါ့ဒ် တို့ဟာလည်း သူတို့ရဲ့စီမံခန့်ခွဲမှုတွေအပေါ် မေးခွန်းထုတ်ခံနေရပြီ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ပွဲစဉ် ၂၃ အပြီးမှာ အဆင့်လေးက ဗီလာနဲ့ ၁၅ မှတ်အထိ ကွာဟနေပြီး အဆင့် ၁၁ မှာ ရပ်တည်နေပါတယ်။
Photo-Reuters