ဘန်လေအသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးအသင်းရဲ့ ပွဲကြည့်ပရိသတ်အရေအတွက်ဟာ စံချိန်သစ် တင်နိုင်တော့မှာ ဖြစ်ပါတယ်။
စနေနေ့မှာ ကစားရမယ့် ဘန်လေနဲ့ ပွဲစဉ်မှာ ပြုပြင်တည်ဆောက်ခဲ့တဲ့ အမ်ဖီးလ်လမ်း ပွဲကြည့်စင်ကို စတင်ဖွင့်လှစ်ပေးမှာဖြစ်ပြီး ပရိသတ်ဦးရေ ၆၀,၀၀၀ အထိ ပိုမိုဝင်ဆံ့လာမှာပါ။
ဒါဟာ လီဗာပူးအသင်းရဲ့ လိဂ်ပြိုင်ပွဲသမိုင်းမှာ ပထမဦးဆုံးအကြိမ် ပရိသတ်ဦးရေအများဆုံး လာရောက်ကြည့်ရှုမယ့်ပွဲစဉ် ဖြစ်လာမှာပါ။
လိဂ်ပြိုင်ပွဲသမိုင်းမှာ ပရိသတ်ဦးရေအများဆုံး လာရောက်ကြည့်ရှုခဲ့တာက ချဲလ်ဆီးနဲ့ ၂ ဂိုးစီ သရေ ကျခဲ့တဲ့ ၁၉၄၉ ခုနှစ်ကဖြစ်ပြီး ပရိသတ် ၅၈၇၅၇ ဦး လာရောက် ကြည့်ရှုခဲ့တာပါ။
ပြုပြင်တည်ဆောက်ခဲ့တဲ့ အမ်ဖီးလ်လမ်း ပွဲကြည့်စင်ဟာ လာမယ့် မတ်လဆန်းပိုင်းမှာ အပြီးသတ်နိုင်ဖို့ရှိပြီး အမ်ဖီးလ်ကွင်းရဲ့ စုစုပေါင်း ပရိသတ်ဝင်ဆံ့မူဟာ စုစုပေါင်း ၆၁၀၀၀ ဝင်ဆံ့တော့မှာ ဖြစ်ပါတယ်။
Photo-Reuters