Home
နိုင်ငံတကာ
ဂရမ်မီဆုပေးပွဲတွင် တေလာဆွစ်ဖ်က အကောင်းဆုံးတေးအယ်လ်ဘမ်ဆု ၄ ကြိမ်ရပြီး စံချိန်တင်
DVB
·
February 5, 2024
Taylor Swift_05022024

ဂရမ်မီဆုပေးပွဲကို ဖေဖော်ဝါရီ ၄ ရက်က ကျင်းပခဲ့ပြီး တေလာဆွစ်ဖ်က တနှစ်တာ အကောင်းဆုံးတေးအယ်လ်ဘမ်ဆုကို လေးကြိမ်မြောက်ဆွတ်ခူးတဲ့ ပထမဆုံးအဆိုတော် ဖြစ်လာခဲ့ပါတယ်။

ဒီနှစ် ဂရမ်မီဆုပေးပွဲမှာ အမျိုးသမီးတွေ လွှမ်းမိုးခဲ့ပြီး မိုင်လေးဆိုင်းရပ်စ်နဲ့ ဘီလီအီးလစ်ရှ် တို့ကလည်း နှစ်ဆုဆီ ဆွတ်ခူးသွားခဲ့ပါတယ်။

အရင်က တေလာဆွစ်ဖ်ဟာ စတီဗီဝန်းဒါးစ်၊ ပေါလ်ဆိုင်မွန်နဲ့ ဖရန့်ခ်စင်နာထရာတို့နဲ့ သုံးကြိမ်စီ ဆွတ်ခူးသူများအဖြစ် စံချိန်တင်ထားတာပါ။

ဆွစ်ဖ်ကို စလင်းဒီယွန်က ဆုချီးမြှင့်ပေးခဲ့ပြီး ပွဲမှာ သူ့အယ်လ်ဘမ်သစ်ပါ ကြေညာသွားခဲ့ပါတယ်။

အီးလ်စ်ရှ်ရဲ့ Barbie ဇာတ်ဝင်တေး What Was I Made For? က တနှစ်တာအကောင်းဆုံး သီချင်းဆု ရသွားတာပါ။

ဒါပေမဲ့ record of the year မှာတော့ အီးလစ်ရှ်က မိုင်လေးဆိုင်းရပ်စ်ရဲ့ Flower သီချင်းကို အရေးနိမ့်ခဲ့ပါတယ်။

မိုင်လေးဟာ သူ့ရဲ့ ပထမဆုံး ဂရမ်မီဆုနှစ်ဆုကို ဒီနှစ်မှာရခဲ့တာဖြစ်ပြီး နောက်တဆုကတော့ အကောင်းဆုံး ပေါ့ပ်အသံဆု ဖြစ်ပါတယ်။

အမျိုးသမီးသုံးဦးနဲ့ ဖွဲ့စည်းထားတဲ့ အင်ဒီးရော့ခ်ဘန်း Boygenius ကလည်း အော်လ်တာနေးတစ်ဂီတ အယ်လ်ဘမ်ဆုနဲ့ ရော့ခ်ပါဖောမန့်စ်ဆုတွေ ရခဲ့ပါတယ်။

ရက်ပါ ကီလာမိုက်ခ်ဟာ ဆုသုံးဆုရခဲ့ပေမဲ့ ဇာတ်ခုံနောက်ရောက်တော့ လက်ထိပ်ခတ် ခေါ်သွားခံရပါတယ်။ ဖြစ်စဉ်ကိုတော့ မသိရသေးပါဘူး။

တောင်အာဖရိက အဆိုတော် တိုင်လာက ပထမဆုံးချီးမြှင့်တဲ့ အာဖရိကအကောင်းဆုံး တင်ဆက်မှုဆုကို ရသွားခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013