ကာတာနိုင်ငံမှာ ကျင်းပသွားတဲ့ အာရှဖလားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အိမ်ရှင် ကာတာအသင်းက ပင်နယ်တီအဆုံးအဖြတ်မှာ ဥဇဘက်ကစ္စတန်အသင်းကို အနိုင်ရသွားပါတယ်။
လက်ရှိ ချန်ပီယံကာတာအသင်းက ပထမပိုင်းမှာပဲ တဖက်နောက်ခံလူ ဖျက်ထုတ်ရာကနေ ဦးဆောင်ဂိုး ရသွားပါတယ်။
ဒီပွဲမှာ နှစ်သင်းစလုံး ခြေစွမ်းပိုင်းသိပ်မကွာပေမဲ့ ကာတာအသင်းက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် ပိုရခဲ့ပါတယ်။
ဥဇဘက်ကစ္စတန်အတွက် ချေပဂိုးကို ဒုတိယပိုင်း ၅၉ မိနစ်လောက်မှာ သွင်းယူပါတယ်။ ပုံမှန်ပွဲချိန်မှာ နှစ်သင်းစလုံး ၁ ဂိုးစီ သရေကျခဲ့လို့ ပင်နယ်တီအထိ ဆက်ကန်ခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ်မှာတော့ ကာတာကအနိုင်ရကာ အာရှဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားတာပါ။
ကာတာဟာ ဆီမီးဖိုင်နယ်မှာ ဂျပန်အသင်းကို အနိုင်ရပြီးတက်လာတဲ့ အီရန်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Photo-REUTERS/Molly Darlington