Home
အားကစား
အာရှဖလား ကွာတားဖိုင်နယ်တွင် အီရန်က ဂျပန်ကို အနိုင်ရ
DVB
·
February 5, 2024
Iran win japan AsiaCup_05022024

ကာတာနိုင်ငံမှာ ကျင်းပတဲ့ အာရှဖလားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ နာမည်ကြီး ဂျပန်အသင်းကို အီရန်က အချိန်ပို မိနစ်မှာသွင်းတဲ့ ပင်နယ်တီနဲ့ အနိုင်ရရှိသွားပါတယ်။

ပထမပိုင်း တပိုင်းလုံးနီးပါး ဂျပန်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားသွားပြီး ၂၈ မိနစ်မှာ မိုရီတာက ဦးဆောင်ဂိုး သွင်းယူပါတယ်။

အီရန်အတွက် ချေပဂိုးကို ဒုတိယပိုင်းစလို့ ၁၀ မိနစ်လောက်မှာ သွင်းယူပါတယ်။ ဒုတိယပိုင်းအပြီး တဖက် တဂိုးစီနဲ့ သရေကျနေလို့ အချိန်ပိုအထိ ဆက်ခဲ့ရပါတယ်။

အချိန်ပိုမိနစ်မှာ ဂျပန်အသင်း ပင်နယ်တီပေးလိုက်ရလို့ အီရန်က အမှားအယွင်း မရှိ ကန်သွင်းပြီး အနိုင်ရသွားပါတယ်။

အီရန်ဟာ ၁၉ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဂျပန်အသင်းကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားတာဖြစ်ပြီး ဆီမီးဖိုင်နယ်မှာ အီရန်အသင်းဟာ အိမ်ရှင် ကာတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဂျပန်အသင်းဟာ အာရှဖလားချန်ပီယံဆုကို ၄ ကြိမ် ရယူထားပြီး အာရှဖလားမှာ အ အောင်မြင်ဆုံး အသင်းလည်း ဖြစ်ပါတယ်။

Photo-REUTERS/Thaier Al-Sudani

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024