Home
မြန်မာသတင်း
ကိုးကန့်တွင် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ ၃၆ ဦး ဖမ်းဆီးခံရ
DVB
·
February 4, 2024
MNDAA_0412024
MNDAA1_0412024
MNDAA4_0412024
MNDAA3_0412024
MNDAA2_0412024

ကိုးကန့်ဒေသက နယ်မြေရှင်းလင်းရေးစီမံချက် ဒုတိယနေ့မှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူ ၃၆ ယောက်နဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ MNDAA ရဲ့ သတင်းထုတ်ပြန်ရေး ကိုးကန့်မီဒီယာမှာ ဒီနေ့ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့က ကိုးကန့်ဒေသ၊ စွမ်းဟော့ချိန်နဲ့ တုံချိန်က အဓိကနေရာ ၂ ခုမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူ ၃၆ ယောက်နဲ့ ပြစ်မှုကျုးလွန်ရာမှာ အသုံးပြုတဲ့ လက်ကိုင်ဖုန်းအများအပြားနဲ့ ဆက်စပ် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပြီး အထူးဒေသရဲဌာနဆီကို အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

အထူးဒေသ နယ်မြေရှင်းလင်းရေး အထူးစီမံချက်နဲ့ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ တရားမဝင်လက်နက်ကိုင်ဆောင်မှုနဲ့ ရာဇဝတ်မှုပေါင်းစုံ လုံးဝ ပပျောက်စေဖို့အတွက် စစ်အုပ်ချုပ်ရေးကော်မတီ လက်အောက်က အဖွဲ့တွေက ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်နေတာဖြစ်ပါတယ်။

ကိုးကန့်အထူးဒေသမှာ တရားဝင် နေထိုင်တဲ့သူတွေအတွက် ယာယီနေထိုင်ခွင့် မှတ်ပုံတင်ရေး၊ ယာယီနေထိုင်ခွင့် သက်သေခံလက်မှတ်ပြုလုပ်ပေးတာကိုလည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024