စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး အယောက် ၅၀ ကျော် ထိခိုက်သေဆုံးပြီး ဇန်နဝါရီ ၃ ရက် ညသန်းခေါင်မှာ တပ်ဆုတ်သွားတယ်လို့ ဟုမ္မလင်း PDF က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၃ ရက်ကစတင်ပြီး အကြမ်းဖက်စစ်တပ်နဲ့ SNA ပူးပေါင်းတပ်ဖွဲ့ အင်အား ၄၀၀ လောက်ဟာ ရွှေပြည်အေးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အလုံးအရင်း ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။
ရွှေပြည်အေးမြို့ကို ဝင်ဝင်ချင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ပိုင်းဖြတ် တိုက်ခိုက်ခံရလို့ ပထမနေ့မှာပဲ စစ်ကောင်စီတပ်တွေ စစ်ဦးကျိုးပြီး တပ်လှန် သွားခဲ့ရတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်တွေ ဝိုင်းပတ်တပ်ဖြန့်ထားတဲ့အနေအထားမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေဟာ ၂ ကြိမ် ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေရဲ့ စုစည်းညီညွတ်မှုနဲ့ ဟန့်တားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီ ၃ ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ စစ်ကောင်စီရဲ့ ပူးပေါင်းစစ်ကြောင်းဟာ ရွှေပြည်အေးမြို့ကနေ ခွာစစ်ဆင် တပ်ဆုတ်သွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
၁၀ ရက် ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စွဲခဲ့တဲ့နေရာတွေမှာ မြေမြှုပ်ထားတဲ့ အလောင်း ၁၅ လောင်းနဲ့ ထိခိုက်ဒဏ်ရာရသူ အယောက် ၄၀ ဝန်းကျင်ရှိတယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရကြောင်းလည်း ခန္တီးခရိုင် အမှတ် ၂ တပ်ရင်းက ဆိုပါတယ်။
ရွှေပြည်အေးမြို့ကို ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ၊ ခန္တီးခရိုင်အမှတ်-၂ တပ်ရင်း အပါအဝင် မဟာမိတ်တပ်တွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစလို့ တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ဒီနေ့အချိန်အထိ မဟာမိတ် PDF တပ်ပေါင်းစုရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတာဖြစ်ပါတယ်။
Photo - ရွှေပြည်အေး ပျူခေါင်းဆောင် မျိုးမင်းသန့် (ရေတပ်ဗိုလ်ကြီး-ငြိမ်း) နေအိမ်