Home
မြန်မာသတင်း
မြင်းခြံတွင် စစ်စခန်းတိုက်ခိုက်ခံရပြီး အနည်းဆုံး ၁၈ ဦးသေ၊ PDF ၁ ဦးကျဆုံး
DVB
·
February 4, 2024
Myin Gyan Pakapha_04022024

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၁၈ ယောက်သေဆုံး၊ ပြည်သူ့ကာကွယ်ရေးဘက်က ၁ ယောက် ကျဆုံးခဲ့ပါတယ်။

မြင်းခြံမြို့နယ်၊ စံပြကျေးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေ ‌၄ နာရီခွဲမှာ စခန်းသိမ်းဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးသူ များပြားပြီး ပြည်သူ့ကာကွယ်ရေးတပ် Myingyan Black Tiger က ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် ပကဖရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်းပြန်ကြားရေးတာဝန်ရှိသူ ကိုကောင်းဆင့်က “စကစဘက်က အနည်းဆုံး ၁၀ ယောက် ကျ၊ မိမိတို့ဘက်က ၁ ယောက်ကျ၊ ၁ ယောက် ဒဏ်ရာရ၊ MA1- ၃ လက်၊ ကာဘိုင် ၁ လက် ရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

အပြန်လှန်ထိတွေ့တိုက်ပွဲ ၄၅ မိနစ်လောက် ဖြစ်ပွားခဲ့ပြီး စစ်ကူကား ၈ စီး ရောက်ရှိ လာချိန်မှာလည်း မဟာမိတ်တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ဒီတိုက်ပွဲတခုလုံးမှာ စစ်အုပ်စုက ၁၅ ယောက်နဲ့အထက် သေဆုံးတယ်လို့လည်း နွားထိုးကြီး ပကဖက သတင်းထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုအပြီးမှာ စစ်အုပ်စုက စံပြရွာကို စီးနင်းနေတဲ့အတွက် စံပြရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒီတိုက်ခိုက်မှုကို မြင်းခြံမြို့နယ် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ၊ မြင်းခြံခရိုင် တပ်ရင်း ၁၊ ၄ နဲ့ ၈၊ Myingyan Black Tiger၊ ဗိုလ်စား ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်စက္ကအဖွဲ့၊ မန္တလေးခရိုင် တပ်ရင်း ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024