အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေထဲမှာ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ပြည်သူ့စစ်တွေနဲ့ ဆက်နွှယ်နေတဲ့ ပစ်မှတ် ၈၅ ခုကျော်ကို အမေရိကန်က ညတွင်းချင်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အပေါ် အီရန် ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက် မှာ ရှုတ်ချခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေက ခုခံမှုမီးတောက်တွေဆီ ဦးတည်သွားမှာဖြစ်လို့ အမေရိကန်က ပညာရှိဆန်ဆန် လုပ်သင့်တယ်လို့ ပြည်ထဲရေးဝန်ကြီး အာမဒ် ဗာဟီဒီက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဂျော်ဒန်မှာ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင် သုံးဦး သေခဲ့တာ အတွက် လက်တုံ့ပြန်တာပါ။
အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေက အီရန်နိုင်ငံထဲက နေရာတွေကို ပစ်မှတ်မထားပေမဲ့ အစ္စရေးနဲ့ ဂါဇာက ဟားမတ်စ်တို့ကြား လေးလနီးပါးကြာတဲ့ စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပိုပြင်းထန်လာတာကို အချက်ပြနေခဲ့ပါတယ်။
Source/Photo-Reuters