ချီလီနိုင်ငံရဲ့ ကမ်းရိုးတန်း ခရီးသွားမြို့ ဗီနာဒယ်လ်မာမှာ တောမီးလောင်လို့ လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ကာရိုလိုင်းနားတိုဟာက ဖေဖော်ဝါရီ ၃ ရက်မှာ ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေကို ဗယ်လ်ပါရိုင်စို ဒေသတွင်း တောမီးသင့် ဧရိယာတွေမှာ ဖြန့်ကြက်ချထားပေမဲ့ ပျက်စီးဆုံးရှုံးမှုပမာဏကို တိုင်းတာမရနိုင်သေးဘူးလို့ တိုဟာက စန်တီယာဂိုမြို့က သတင်းစာရှင်းလင်းပွဲတခုမှာ ပြောခဲ့ပါတယ်။
ပျက်စီးသွားတဲ့ အိမ်တွေနဲ့ မီးကျွမ်းနေတဲ့ ကားတွေက အပျက်အစီးတွေကို ဒေသခံတွေက ကောက်ယူခဲ့တာကို နိုင်ငံပိုင်ရုပ်သံကနေ ပြသခဲ့ပါတယ်။
ဗီနာဒယ်လ်မာမြို့ခံတွေဟာ လူနေအိမ်တွေ မီးလောင်တာနဲ့ မီးသတ်ကားတွေ အလုပ်လုပ်နေတာကို ဒီအတိုင်း ကြည့်နေခဲ့ရတာပါ။
တချို့က မီးငြိမ်းသွားမယ့် အချိန်ကို စောင့်ပြီး အပျက်အစီးတွေထဲက တခုခုကို ဆယ်နိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ချီလီ တနိုင်ငံလုံးမှာ မီးလောင်ကျွမ်းမှု ၉၂ ကြိမ် ဖြစ်ခဲ့ပြီး မြေ ဟက်တာ ၄၃,၀၀၀ ကျော် မီးဘေးသင့်ခဲ့တယ်လို့ တိုဟာက ပြောပါတယ်။
Source/Photo-REUTERS/Rodrigo Garrido