ထိုင်းနဲ့ သီရိလင်္ကာနိုင်ငံတို့ဟာ လွတ်လပ်တဲ့ ကုန်သွယ်မှုသဘောတူညီချက်ကို ဖေဖော်ဝါရီ ၃ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပြီး သီရိလင်္ကာနိုင်ငံဟာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေး အကျပ်အတည်းကနေ ရုန်းထွက်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။
သီရိလင်္ကာကျွန်းနိုင်ငံဟာ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ဖို့နဲ့ ချွတ်ခြုံကျနေတဲ့ စီးပွားရေးကို ကူညီဖို့ ကုန်သွယ်ရေးသဘောတူညီချက်တွေကို သက်တမ်းတိုးဖို့ အာရုံစိုက်နေတာပါ။
လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူညီချက် (FTA) ဟာ ကုန်စည်ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ ဉာဏပစ္စည်းမူပိုင်ခွင့် စတဲ့ ကဏ္ဍပေါင်းစုံမှာ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ ဈေးကွက်အခွင့်အလမ်းတွေကို မြှင့်တင်ဖို့ ရည်ရွယ်ထားတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ FTA ကို တခြားသဘောတူညီချက်တွေနဲ့အတူ လက်မှတ်ထိုးဖို့ ဖေဖော်ဝါရီ ၄ ရက်မှာ သီရိလင်္ကာနိုင်ငံမှာ ကျင်းပမယ့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။
Source/Photo-Reuters