Home
နိုင်ငံတကာ
အီရန် ပစ်မှတ်များကို အမေရိကန် လက်တုံ့ပြန် တိုက်ခိုက်မှု  ပိုလန်ဝန်ကြီး ဝေဖန်
DVB
·
February 4, 2024
Iran's proxies played with fire, now it's burning them - Polish minister

အီရတ်နဲ့ ဆီးရီးယားရှိ အီရန်နဲ့ အချိတ်အဆက်ရှိ ပစ်မှတ်တွေကို အမေရိကန်က လက်တုံ့ပြန် တိုက်ခိုက်မှုတွေဟာ အီရန်-ကြားခံပြုအဖွဲ့တွေရဲ့ မီးနဲ့ကစားတဲ့ အကျိုးဆက် ရလဒ်တွေ ဖြစ်တယ် လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီး ရာဒိုစလော ဆီကော်စကီးက ပြောပါတယ်။

ပိုလန်နိုင်ငံခြားရေးဝန်ကြီးက “လောလောဆယ် အရေးအကြီးဆုံး ပြဿနာကတော့ အရှေ့အလယ်ပိုင်းက ပစ်မှတ်တွေကို အမေရိကန်က တိုက်ခိုက်နေတာ ဖြစ်တယ်။ အီရန်ရဲ့ ကိုယ်စားလှယ်တွေဟာ လတွေ၊ နှစ်တွေချီအောင် မီးနဲ့ကစားခဲ့တာဖြစ်ပြီး အခုတော့ မီးလောင်ခံရပြီ” လို့ ဘရပ်ဆဲလ်မှာ အီးယူမိတ်ဖက်တွေနဲ့ တွေ့ဆုံဖို့ ရောက်ရှိလာချိန်မှာ သတင်းထောက်တွေကို ပြောသွားတာပါ။

ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီး ဟဒ်ယာ လားဘစ်ဘ်ကလည်း အဲဒီ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်ပူပန်စရာကြီးလို့ ပြောဆိုခဲ့ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ သံတမန်ရေးအရ ဖြေရှင်းဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ဒါတွေက အရှေ့အလယ်ပိုင်းက အခြေအနေကို တည်ငြိမ်အောင် လုပ်နိုင်တဲ့ တခုတည်းသော နည်းလမ်းပဲလို့လည်း ဆိုပါတယ်။

အရှေ့အလယ်ပိုင်းဟာ ပေါက်ကွဲနိုင်တဲ့ ဘွိုင်လာအိုးကြီးလို့ ထပ်ခါတလဲလဲ ပြောထားခဲ့ပြီးသားဖြစ်ပြီး လက်ဘနွန် နယ်စပ်၊ မြောက်နဲ့တောင် ၂ နေရာလုံးမှာ တိုက်ပွဲတွေ၊ ဆီးရီးယားက တိုက်ပွဲတွေ၊ အီရတ်မှာ၊ ပင်လယ်နီမှာ တိုက်ခိုက်မှုတွေက သေချာပေါက် ရှိနေတာ လို့ အီးယူနိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဖှ် ဘော်ရဲလ်က ပြောပါတယ်။

ဒါကြောင့် ဒီရေတပ်မစ်ရှင်ကို ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး တင်းမာမှုတွေ တိုးမြင့်လာမှုကို ရှောင်ရှားဖို့ အကုန်လုံးကို တောင်းဆိုပါတယ်လို့လည်း ဆိုပါတယ်။ 

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024