ကိုလံဘီယာနိုင်ငံမှာ ပြင်းထန်တဲ့မိုးခေါင်မှုကြောင့် သူ့ရဲ့ ရေအရင်းအမြစ်တွေကို ပျက်စီးစေပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ပြည်သူတွေကို ခြိမ်းခြောက်နေပါတယ်။
ဘိုဂိုတာရှိ ရေလှောင်ကန်တခုမှာ ပက်ကြားအက် မြေသားတွေနဲ့ ရွှံ့အိုင်လေးတွေ ဖြစ်နေပုံကို ဇန်နဝါရီ ၃၁ ရက်က ရိုက်ကူးထားတဲ့ ဒရုန်းဗီဒီယိုထဲမှာ ပြသထားပါတယ်။
ဘိုဂိုတာတောင်ဘက်ရှိ ရေပေးဝေနေတဲ့ လာရက်ဂါဒဲ့ရာ ရေလှောင်ကန်ဟာ သူ့ရှိရမယ့် ရေပမာဏရဲ့ ၃၅ ရှိကြောင်း မန်နေဂျာက ဒေသမီဒီယာကို ပြောကြားခဲ့ပါတယ်။
အနီးနားရှိ မြို့တွေမှာလည်း စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ရပြီး ကောက်ပဲသီးနှံတွေလည်း မိုးခေါင်ရေရှားမှု ဒဏ်ကို ခံခဲ့ရတာကြောင့် တိရစ္ဆာန်တွေကို ကျွေးမွေးစရာ လတ်ဆတ်တဲ့မြက်ပင်တွေလည်း မရှိတော့လို့ သူတို့ရဲ့ကျွဲနွားတွေကို ရောင်းပစ်လိုက်ရကြောင်းလည်း လယ်သမားတွေက ပြောပါတယ်။
ကိုလံဘီယာမြောက်ပိုင်း ဘာရန်ကာ လယ်ဘရေဟာ မြို့မှာလည်း မိုးခေါင်ရေရှားမှုကြောင့် ငါးဖမ်းအသိုင်းအဝိုင်းကို အကျပ်အတည်းဖြစ်စေခဲ့ပါတယ်။
မြို့ရဲ့မြစ်ရေဟာ လုံးဝ ခန်းခြောက်သွားပြီး သဲသောင်တွေ ပေါ်လာကာ ရွာရဲ့အဓိကကျတဲ့ နေ့စဉ်ငါးဖမ်းလုပ်ငန်းလည်း ပျက်စီးသွားပါတယ်။
ကိုလံဘီယာနိုင်ငံဟာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပြီးခဲ့တဲ့လမှာ မကြုံစဖူး မိုးခေါင်မှုကို ကြုံတွေ့ခဲ့ရပါတယ်။
သမ္မတ ဂူစတာဗို ပေထရိုရဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတွင်း မိုးခေါင်ရေရှားမှုနဲ့ မီးလောင်ကျွမ်းမှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် သယံဇာတတွေကို ခွဲဝေသုံးစွဲဖို့ သဘာဝဘေးဒဏ်ကို ကြေညာခဲ့ ပါတယ်။
Source/Photo - Reuters