ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်နဲ့ ရွှေပေါက်ကံမြို့နေ ပြည်သူတွေဟာ ဒီနေ့ မနက် ၁၀ နာရီကစပြီး စစ်အာဏာရှင် တော်လှန်ရေးနဲ့ နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြပါတယ်။
မြောက်ဥက္ကလာပမြို့နယ် နဲ့ရွှေပေါက်ကံမြို့နယ်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက မနက်အစောပိုင်း စျေးထဲကို ဓာတ်ပုံလိုက်ရိုက်တာ ၊YBS ဘတ်စ်ကားမှတ်တိုင်တွေကို ဓာတ်ပုံ ရိုက်တာတွေရှိတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
"၂ ရပ်ကွက်စျေး အောင်မင်္ဂလာအဝေးပြေးနဲ့ YBS ၃၆ ဂိတ်မှာ မနက်စောစော အလုပ်သွားတဲ့သူတွေ စျေးရောင်း၊စျေးဝယ်တွေကို ဝါဒဖြန့်ဖို့ ဓာတ်ပုံရိုက်တာရှိတယ် ဆယ်နာရီနောက်ပိုင်း လမ်းပေါ်မှာ လူမရှိတော့ဘူး"လို့ ပြောပါတယ်။
စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အာဏာသိမ်းခဲ့တာ ဒီကနေ့ဆို ၃ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ပြည်သူအများစုက အမှတ်ရစေဖို့ အသံတိတ်သပိတ်ကို ပြုလုပ်ကြတာဖြစ်ပါတယ်။
ဒီနေ့ အသံတိတ်သပိတ်ကို တားဆီးနိုင်ဖို့ စစ်ကောင်စီတပ်နဲ့ ရဲတွေက ရပ်ကွက်လမ်းဆုံလမ်းခွ၊ အုပ်ချုပ်ရေးမှူးရှုံးတွေမှာ စောင့်ကြည့်လုံခြုံရေးတွေ ချထားပြီး စစ်တပ်နဲ့ ရဲတွေကလည်း လှည့်ကင်းကားတွေနဲ့ လှည့်လည်နေပါတယ်။