ဖောက်ခွဲရေးပစ္စည်းလို့ ယူဆရတဲ့ အရာဝတ္ထုတခုကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့က အစ္စရေးသံရုံးအပြင်ဘက်မှာ ဇန်နဝါရီ ၃၁ ရက်က တွေ့ခဲ့လို့ အမျိုးသားဗုံးရှင်းလင်းရေး အဖွဲ့က ဖျက်ဆီးခဲ့တယ်လို့ ဆွီဒင်ရဲတပ်ဖွဲ့က ပြောပါတယ်။
သံရုံးဝန်ထမ်းတွေက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး တရားဥပဒေစိုးမိုးရေးရဲ့ တုံ့ပြန်မှု ကြီးမားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီဖောက်ခွဲရေးကိရိယာကို ထိန်းချုပ်ဖောက်ခွဲခဲ့တာလို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ရုပ်မြင်သံကြားဌာန TV4 ကို ပြောခဲ့တာပါ။
ဖောက်ခွဲရေးပစ္စည်းရဲ့ သဘောသဘာဝနဲ့ သံရုံးထဲကို ဘယ်လိုရောက်လာတယ် ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ပြောဖို့ ရဲတပ်ဖွဲ့က ငြင်းဆိုခဲ့ပါတယ်။ ဖြစ်ရပ်ကို စပြီး စုံစမ်းစစ်ဆေးနေပြီလို့လည်း ပြောပါတယ်။
ဖောက်ခွဲရေးပစ္စည်းကို သံရုံးခြံစည်းရိုးပေါ်ကနေ ပစ်ချခဲ့တဲ့ လက်ပစ်ဗုံးလို့ ယူဆရပြီး အဆောက်အအုံနားကို နီးနီးကပ်ကပ် ကျလာခဲ့တယ်လို့ နာမည်မဖော်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး အဖ်တွန်ဘလာဒက် နေ့စဉ်ထုတ် သတင်းစာက ဖော်ပြခဲ့ပါတယ်။
သံရုံးအဆောက်အဦကို မီတာ ၁၀၀ လောက် အကွာကနေ အရံအတားတွေနဲ့ ပိတ်ဆို့ထားပါတယ်။
Source/Photo-Reuters/Henrik Montgomery/TT News Agency