ပေါ်တူဂီနည်းပြ မော်ရင်ညိုဟာ မန်ယူအသင်းဆီကို တကျော့ပြန်လာဖို့ ဆန္ဒရှိကြောင်း သတင်းထွက်ပေါ်လာပါတယ်။
မော်ရင်ညိုဟာ မန်ယူအသင်းကို ၂၀၁၆ ခုနှစ်မှာ စတင်တာဝန်ယူခဲ့ပြီး ၂ နှစ်တာကာလ အတွင်းမှာ ယူရိုပါလိဂ်ဆုဖလားနဲ့ လိဂ်ရှုံးထွက်ဖလား ချန်ပီယံဆုတွေ ရယူပေးခဲ့တာပါ။
အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ မော်ရင်ညိုဟာ ပြီးခဲ့တဲ့လပိုင်းက ရိုးမားအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတာပါ။
မော်ရင်ညိုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ မိတ်ဆွေတဦးရဲ့ ပြောကြားချက်အရ မော်ရင်ညိုဟာ မန်ယူအသင်းမှာ မပြီးဆုံးသေးတဲ့ ရည်မှန်းချက်တွေ ရှိနေသေးတယ်လို့ ခံစားမိတာကြောင့် အသင်းဆီကို နောက်တခါပြန်လာပြီး အောင်မြင်မှုရယူပေးဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။
မန်ယူအသင်းကို နည်းပြတန်ဟတ်ဂ် တာဝန်ယူကိုင်တွယ်နေပေမဲ့ ပရီးမီးယားလိဂ် ဦးဆောင်သူ လီဗာပူးနဲ့ ၁၆ မှတ်အထိ ကွာဟနေတာကြောင့် အချိန်မရွေး အပြောင်းအလဲတခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း သုံးသပ်ကြပါတယ်။
Photo-Reuters